Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့သိမ်းတိုက်ပွဲ လေကြောင်းပစ်ကူနှင့် စစ်ကူပေးမှုများ ဖြတ်တောက်ရန်ခက်ခဲ၍ ပြန်ဆုတ်ခဲ့ရခြင်းဟု BNRA အသိပေး

စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

(ဖမ်းဆီးရမိသောသုံ့ပန်းများနှင့်လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-BNRA)
(ဖမ်းဆီးရမိသောသုံ့ပန်းများနှင့်လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ-BNRA)

▪️တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းရ၊ တော်လှန်ရေးရဲဘော် ၉ဦး ကျဆုံး

ဇေအောင်/People’s Spring

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ​၏ လေကြောင်းမှပစ်ကူပေးခြင်းနှင့် စစ်ကူပေးခြင်းအား ဖြတ်တောက်ရန်ခက်ခဲ၍ မြို့ပေါ်မှပြန်ဆုတ်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၂၅ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က ယနေ့ (နိုဝင်ဘာ ၁၇ရက်)တွင် အသိပေး ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခွဲခန့်ကစ၍ စတင်ခဲ့သည့် ပုလဲမြို့သိမ်းစစ်ဆင်ရေး၌ စတင်ပြီး ၄၈နာရီခန့် အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု BNRAက အသိပေးသည်။

လေကြောင်းပစ်ကူများကြားမှ အချိန်တိုအတွင်းထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေး ကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့အား တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု BNRAက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် စစ်ဆင်ရေး လေးရက်မြောက်သည့် နိုဝင်ဘာ၁၄ ရက် ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း BNRAက ထုတ်ပြန်သည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဘက်မှ သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိခဲ့ပြီးအများစုမှာ ထိခိုက်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူနေရကြောင်း BNRAက အသိပေးသည်။

စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(၂)လက်၊ ပစ္စတို MA5 (၁)လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း BNRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO) တို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး (CB Operation)နှင့်ချိတ်ဆက်ကာ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များပူးပေါင်းကူညီသော ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းအား အထူးကျေးဇူးတင်​ကြောင်း BNRAက ထုတ်ပြန်ခဲ့သည်။

ပုလဲမြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်‌သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။