Connect with us

Hi, what are you looking for?

သတင်း

KIAသိမ်းရန်ကျန်နေသည့် တရုတ်နယ်စပ်ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်မြို့တွင် ယနေ့(နိုဝင်ဘာ ၂၀ရက်)တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(တရုတ်နယ်စပ် ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်နေစဉ်။ ဓာတ်ပုံ - ကချင်တောင်တန်း)
(တရုတ်နယ်စပ် ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်နေစဉ်။ ဓာတ်ပုံ - ကချင်တောင်တန်း)
◾️တပ်မိသားစုများနှင့် စစ်ကောင်စီဝန်ထမ်းများ တရုတ်ဘက်ထွက်ပြေးဟုဆို

ဟန်နွေ/People’s Spring

ကန်ပိုက်တီမြို့သည် ကချင်အထူးဒေသ(၁)နယ်မြေအတွင်းပါဝင်ပြီး အဆိုပါဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ရန် ကျန်နေသည့် တစ်ခုတည်းသော မြို့ဖြစ်သည်။ တရုတ် – မြန်မာနယ်စပ်မြို့လည်ဖြစ်သော အဆိုပါမြို့ပေါ်၌ ယနေ့(နိုဝင်ဘာ ၂၀ရက်)တွင် ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး ပစ်ခတ်မှု ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

“ကံပိုက်တီမြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီ။ စခတွေ ဟိုတယ် ထဲမှာ နေရယူထားတယ်။ တပ်မိသားစုတွေနဲ့ ဝန်ထမ်းတွေ တရုတ်ပြည်ဘက် ပြေးဝင်နေကြတယ်။ ဂိတ်ဖွင့်ထားပေးတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင် အထူးဒေသ(၁)နယ်မြေကို ယခုနှစ် ဇွန်လတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ အတွင်း ဆဒုံးဒေသ၊ စက်တင်ဘာလကုန်တွင် ချီဖွေ၊ အောက်တိုဘာလဆန်းတွင် ဆော့လော်၊ အောက်တိုဘာလလယ်တွင် ပန်ဝါမြို့များကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် နယ်စပ်မြို့ ဖီမော၊ ကန်ဖန့်ဒေသ၊ လန်ဆယ်ဒေသ တို့ကိုလည်း KIAက ဆက်လက်သိမ်းပိုက်ခဲ့ရာ ကချင်အထူးဒေသ(၁)တွင် ကန်ပိုက်တီမြို့သာ ကျန်နေခြင်းဖြစ်သည်။ ကန်ပိုက်တီမြို့စောင့်တပ်ဖြစ်သော နယ်ခြားစောင့်တပ်(BGF) ၁၀၀၃ တပ်ရင်းကိုလည်း အောက်တိုဘာ လကတည်းက KIAက သိမ်းပိုက်ထားခြင်းဖြစ်သည်။

မြန်မာ-တရုတ် တရားဝင်နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တီကို မသိမ်းရန် တရုတ်ဘက်က ဖိအားပေးနေ၍ KIA ဘက်က သိမ်းရန် ကျန်နေခြင်းဖြစ်ပြီး ယနေ့ တိုက်ပွဲအခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIAသည် ယခင်ကလည်း မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို တရုတ်က ဖိအားပေးနေသည့်ကြားမှာ သိမ်းပိုက်ရယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ