Connect with us

Hi, what are you looking for?

သတင်း

ကချင်အထူးဒေသ(၁)၌ KIAသိမ်းရန် ကန်ပိုက်တီသာကျန်ပြီး တရုတ်ဖိအားကြောင့် အခက်တွေ့နေဟု သတင်းရင်းမြစ်ပြော

KIAက တရုတ် – မြန်မာနယ်စပ်မြို့ ပန်ဝါကို သိမ်းပိုက်ခဲ့သည့် အောက်တိုဘာ ၁၈ရက်တွင် တရုတ်အစိုးရသည် KIAနယ်မြေနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်အများစုကိုလည်း ပိတ်ပင်ခဲ့သေးသည်။

(ကန်ပိုက်တီရှိ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကန်ပိုက်တီရှိ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ရာ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၁၀ရက်) နံနက်တွင် သိမ်းပိုက်ပြီးဖြစ်၍ ကချင်အထူးဒေသ(၁)၌ နယ်စပ်မြို့ ကန်ပိုက်တီသာ ကျန်တော့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

လန်ဆယ်သိမ်းလိုက်ပြီ။ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးသွားတယ်။ ကံပိုက်တီပဲ ကျန်တယ်။ အထူးဒေသ(၁) ကုန်ပြီ။ တရုတ် ဖိအားကြောင့် ကံပိုက်တီ သိမ်းလို့မရဖြစ်နေတယ်။ စကစအစိုးရ ကျရှုံးသွားမှာကို တရုတ်မလိုလားဘူးဆိုတာ ရှင်းနေတယ်။ အခုက စွက်ဖက်တာထက်ပိုတယ်။ ခြိမ်းခြောက်နေတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIAက တရုတ် – မြန်မာနယ်စပ်မြို့ ပန်ဝါကို သိမ်းပိုက်ခဲ့သည့် အောက်တိုဘာ ၁၈ရက်တွင် တရုတ်အစိုးရသည် KIAနယ်မြေနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်အများစုကိုလည်း ပိတ်ပင်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် KIA ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုရန် ဖိအားပေးမှုများ ရှိနေသည်ဟုလည်း ကချင်သတင်းရင်းမြစ်က ပြောသည်။

တရုတ်အစိုးရသည် KIAသာမက ရှမ်းမြောက်ရှိ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)တို့ကိုလည်း စစ်ကောင်စီကို မတိုက်ခိုက်ရန် ဖိအားပေး ခြိမ်းခြောက်မှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက်ရှိသည်ဟု စစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောပြသည်။

ယခု သိမ်းပိုက်ရန်ကျန်နေသည့် ကန်ပိုက်တီမြို့သည် တရုတ်နယ်စပ်ရှိ တရားဝင် နယ်စပ်ဂိတ်ဖြစ်ပြီး အထူးဂရုစိုက်လျက်ရှိကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

KIAသည် ၂၀၂၄ ဇွန်လတွင် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ဆဒုံးဒေသ ရှိ စစ်ကောင်စီဗျူဟာစခန်း၊ ပြည်သူ့စစ်စခန်း၊ BGF စခန်းများကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ ဆဒုံးမြို့ကို သိမ်းပြီးနောက် သုံးလကျော်အကြာတွင် ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါမြို့၊ ဖီမောမြို့ အပါအဝင် ကချင်အထူးဒေသ(၁) နယ်မြေရှိ စစ်ကောင်စီ၊ BGF၊ ပြည်သူ့စစ်များ၏ တပ်စခန်းကြီးငယ်များစွာကို သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်