Connect with us

Hi, what are you looking for?

News

မန္တလေးက အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးသေနတ်နဲ့ပစ်ခတ်ခံရ

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ဒီကနေ့ မနက် ၆နာရီကျော်လောက်က သေနတ်နဲ့သုံးချက်ခန့်ပစ်ခတ်ခံရတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။

မန္တလေးက အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ဒီကနေ့မနက်ပိုင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်က ရာအိမ်မှူးတစ်ဦး ဒီကနေ့ မနက် ၆နာရီကျော်လောက်က သေနတ်နဲ့သုံးချက်ခန့်ပစ်ခတ်ခံရတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။

သေနတ်ဒဏွရာနဲ့ရာအိမ်မှုးကို ဆေးရုံပို့ဆောင်ထားရတယ်လို့သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းလေးမှာပဲ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာက အုပ်ကြီးသတ်ခံလိုက်ရလို့ ရွာထဲမှာလိုက်ပြီးစစ်နေတယ်။ အပြင်ကလာတဲ့သူတွေလည်းအကုန်ပိတ်စစ်ဆေးနေတယ်” လို့ ရွာသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးရှိ လမ်းမကြီးတွေမှာ ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။