Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်မှ ကျေးရွာ ၅ရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အဆိုပါဒေသရှိ ရွာသူ၊ရွာသား ၄၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည်ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

တာရာ/People’s Spring

မကွေးတိုင်းအတွင်းရှိ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ကြားရှိ ကျေးရွာကို ၅ ရွာကို စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၂၈ ရက်)တွင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်း ၈နာရီခန့်တွင် စေတုတ္တရာမြို့နယ်ရှိ ကျောက်ပုံ၊ခဲပစ်နှင့် ညောင်ကုန်းကျေးရွာတို့ကို မီးရှို့ခဲ့ပြီး ည‌နေ ၂ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်ရှိ လယ်မနှင့်ကျွဲခြံကျေးရွာတို့ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရွာသားများက ပြောသည်။

“စေတုတ္တရာနဲ့ ပွင့်ဖြူ ဆင်လူးရွာက ပျူတွေပေါင်းပြီး မီးရှို့သွားတာပါ။ မီးခိုးလုံးတွေကို အဝေးကနေ မြင်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် အဆိုပါဒေသရှိ ရွာသူ၊ရွာသား ၄၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာ ၅ ရွာမှ နေအိမ်အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ် ကပစ- ၂၀၊ ခလရ (၂၅၅)နှင့် ဆင်လူးကျေးရွာမှ ပျူစောထီးများပါဝင်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံတော်လှန်ရေးတပ်များက ပုသိမ် – မုံရွာ ကားလမ်းပိုင်းအပါအဝင် ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်ကို ချိတ်ဆက်ထားသည့် လမ်းများကို သွားလာခွင့်ပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်