Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

(မြစ်ခြေမြို့က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မေ ၂၇၊ ၂၀၂၆ ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၂၆ ရက် နေ့လယ်ပိုင်းက မြစ်ခြေမြို့ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက မြို့မစျေးအပါအဝင် လူနေရပ်ကွက်တွေကို မီးရှိ့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“​မြစ်ခြေမြို့ပေါ်နေရာ တော်တော်များများကို လိုက်လံ မီးတင်ရှို့သွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မြို့မစျေး မီးရှို့ခံရတယ်လို့ သိရပြီး စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် အတည်ပြုလို့ မရသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၉ ရက်ကစပြီး အောင်သာပျူစောထီးကျေးရွာကထွက်လာတဲ့ စစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်ကလာသော စစ်ကြောင်း ၂ကြောင်း ပေါင်းထားတာဖြစ်ပြီး အင်အား ၅၀၀ ခန့်ရှိကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မြစ်ခြေမြို့ပေါ်က ပြည်သူတွေအပါအဝင် ပြည်သူ ၁၀ဦးထက်မနည်းဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး လက်ပန်ကျွန်းရွာ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယျာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာ၊ ထနောင်းကုန်းရွာနဲ့ မြို့သစ်ရပ်ကွက်အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ဒါ့အပြင် ပြည်သူ့ပစ္စည်းတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေမြို့ပေါ်က ပြည်သူတွေနဲ့ အနီးအနားကျေးရွာတွေက ပြည်သူ ၂သောင်းခန့် စစ်ဘေးရှောင်နေရပြီး ရက်နှစ်ပတ်ကျော်ကြာလာလို့အစားအသောက်ရိက္ခာနဲ့ မိုးကာတွေအထူးလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ပခုက္ကူမြို့အထွက်ကနေ ရိက္ခာသယ်ယူခွင့်ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေအပါအဝင် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။