Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း စစ်ကူလာတဲ့ စစ်ယာဉ်တန်း စေတုတ္တရာရောက်လာ

မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ(၉၉) ယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ဦးတည်လာနေပြီး ချင်းပြည်နယ်တောင်ကို စစ်ကူပို့မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောပါတယ်။

(မတူပီမြို့ဦးတည်လာတဲ့ စစ်ယာဉ်တန်းကို ၂၀၂၂ ဇန်နဝါရီ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- CDF-Mindat)

ဇူလိုင်-၁၃၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ(၉၉) ယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ဦးတည်လာနေပြီး ချင်းပြည်နယ်တောင်ကို စစ်ကူပို့မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောပါတယ်။

အဲဒီယာဉ်တန်းဟာ မကွေး – မင်းဘူး – စကုလမ်းပိုင်းအတိုင်း ပွင့်ဖြူမြို့နယ်ကတဆင့် စလင်းမြို့နယ် ကံပြား – စေတုတ္တရာမြို့နယ်ကို ရောက်နေပြီလို့ ဆိုပါတယ်။

“စလင်း-ကံပြား-ကျွန်းတောလမ်းအတိုင်း ကျွန်းတော-မြောင်းဦး(စေတုတ္တရာမြို့နယ်)ဘက်

Public Service Announcement

Public Service Announcement

ဒီကနေ့ ၀င်နေပြီ”လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကားအစီးရေ ၄၀ ခန့်ဟာ စစ်သည်အင်အားတွေနဲ့ ကျန် ၁၀စီး နီးပါးက လက်နက်ခဲယမ်းတွေ တင်ဆောင်လာတာလို့ အသိပေးပါတယ်။

လောင်းရှည်မြို့ကို လာနေတဲ့ စစ်တပ်ယာဉ်တန်းကြောင့် လောင်းရှည် – ဆော လမ်းပိုင်းပေါ်နဲ့ အနီးတဝိုက်ကျေးရွာကပြည်သူတွေ သတိပြုနေထိုင်ကြဖို့ မကွေးတိုင်း ပကဖက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ချင်းတောင်ကို စစ်ကူပေးဖို့ ဇူလိုင် ၁၀ ရက်က မကွေးတိုင်း၊ပေါက်မြို့နယ် အမှတ်(၂၄)ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )က‌ ထွက်လာတဲ့ အင်အား ၄၀၀ ခန့်ကလည်း ပေါက်- ကျောက်ထု လမ်းအတိုင်း ဆောမြို့နယ်ဘက်ကို စတင်၀င်ရောက်နေပြီလို့ သိရပါတယ်။

စစ်တပ်ဟာ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိတဲ့ တပ်မ (၅)ခုကနေ ထုတ်နှုတ် အင်အား ၁,၀၀၀ ကျော်ကိုစုဖွဲ့ပြီး တပ်မ (၉၉)က အခြေချ‌ဗျူဟာအဖြစ်ကွပ်ကဲကာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ထိုးစစ်ဆင်နေပါတယ်။

ဒါ့အပြင် ကန်ပက်လက်မြို့ကိုလည်း တပ်မ ၃ခုကနေ ထုတ်နှုတ်အင်အား ၈၀၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မေလ၀က်ကစပြီး ဇူလိုင် ဒုတိယပတ်အထိ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါးနဲ့ အခြားလေယာဉ်တွေနဲ့ အကြိမ်ရေ ၃၀ ကျော် ဗုံးကြဲထားတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်းထိုးစစ်ကို အင်အားအလုံးအရင်းနဲ့ ပြုလုပ်လာမှုအပေါ် ချင်းပြည်သူ့အစည်းအရုံးနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေပါတယ်။

တိုက်ပွဲ တစ်လခွဲကျော်အတွင်း တော်လှန်ရေးပူး ပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်တပ်က အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေ၊ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။