Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိုင်းနိုင်ငံ၌ အလွတ်သဘောဆွေးနွေးရန် စီစဥ်

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အင်ဒိုနိုင်ငံခြားရေး ပြောခွင့်ရက ပြောသည်။

(အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများတွင် စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပင်ထားသည်။ ဓာတ်ပုံ - Reuters)
(အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများတွင် စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပင်ထားသည်။ ဓာတ်ပုံ - Reuters)

အီယိုရီ/People’s Spring

မြန်မာ့အရေးပြေလည်ရေး နည်းလမ်းများရှာဖွေရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံ၌ ဒီဇင်ဘာနှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ လာအို၏ ဖိတ်ကြားမှုဖြင့် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် လာမည့် ဒီဇင်ဘာ ၂၀ရက်တွင် ထိုင်းနိုင်ငံ၌ စုဝေးကြမည်ဟု အင်ဒိုနိုင်ငံခြားရေးပြောခွင့်ရ ရွိုင်ဆိုမီရတ်က ပြောသည်။

“ပထမဆုံး မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ troika(အင်ဒို၊ လာအို၊ မလေးရှား)က သူတို့အကြား ဆွေးနွေးကြပါလိမ့်မယ်။ အဲဒီနောက်မှာတော့ အခြားသော အာဆီယံ အဖွဲ့ဝင်တွေက သူတို့နဲ့အတူ နောက်ထပ်ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်မှာပါ” ဟု ရွိုင်က သတင်းထောက်များသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဆွေးနွေးပွဲသည် အာဆီယံ၏ troika အဖွဲ့ဝင်နိုင်ငံများအကြား အလွတ်သဘောဆွေးနွေးမှုတစ်ခုဖြင့် စတင်မည်ဖြစ်သည်။ သုံးနိုင်ငံပါဝင်သော troika ကို ၂၀၂၃ တွင် ထိုစဥ်က အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အကျပ်အတည်းဖြေရှင်ရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါယန္တရားမှာ အာဆီယံ၏ လက်ရှိအလှည့်ကျဥက္ကဌ၊ ယခင်အလှည့်ကျဥက္ကဌနှင့် လာမည့်အလှည့်ကျဥက္ကဌတို့ဖြင့် ဖွဲ့စည်းခြင်းလည်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အင်ဒိုနိုင်ငံခြားရေး ပြောခွင့်ရက ပြောသည်။

သို့သော် ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီစဥ်နေသည်ဆိုသော ၂၀၂၅ ရွေးကောက်ပွဲအကြောင်း ပါဝင်လာနိုင်ဖွယ်ရှိပြီး အဆိုပါကိစ္စရပ်ပါဝင်လာပါကလည်း အံ့သြမည်မဟုတ်ကြောင်း ရွိုင်က ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ဘဲ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရန် ကူညီလိုကြောင်း ရွိုင်က အတည်ပြုသည်။

ထိုင်းအစိုးရသည် စစ်ကောင်စီက မဲစာရင်းပြုစုရာတွင် အသုံးပြုနိုင်သော သန်းခေါင်စာရင်းကောက်ယူမှုအတွက် ကူညီထောက်ပံ့ထားသည်။

တချိန်တည်းတွင် ထိုင်းအစိုးရသည် နိုဝင်ဘာလကုန်နှင့် ယခုလဆန်းတွင် တော်လှန်ရေးအင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုးကား – Jakarta Globe

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။