Connect with us

Hi, what are you looking for?

သတင်း

နခခ(၅)သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးရှိ နတ်မြစ်ကို AA ပိတ်ပင်

နခခ (၅)အနီးအပြင် မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးထားသည်။

(မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းကို ဇွန်လ ၃ ရက်တွင် AA ကအပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − AA Info)
(မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနယ်ခြားစောင့်စခန်းကို ဇွန်လ ၃ ရက်တွင် AA ကအပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − AA Info)

အိမ်သွင်/People’s Spring

အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅)တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောင်တောမြို့ဘေးရှိ နတ်မြစ်၏ ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှုကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် ကြေညာသည်။

မောင်တောမြို့တွင် နောက်ဆုံးတစ်ခုတည်းကျန်ရှိသည့် နခခ(၅)ကို ယ‌နေ့နံနက်တွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များ ထွက်ပြေးနေ၍ နတ်မြစ် ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း ရေကြောင်းသွားလာမှု ပိတ်ပင်လိုက်ကြောင်း AAက ကြေညာသည်။

နခခ(၅)မှထွက်ပြေးကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြသည့် အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော RSO ၊ ARSA ၊ ARA နှင့်စစ်ကောင်စီမှ သင်တန်းပေးထားသော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်၊ နတ်မြစ်တစ်လျှောက် စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထွက်ပြေးနေသူများကို လိုက်လံရှင်းလင်းတိုက်ခိုက်နေသည်ဟု ထုတ်ပြန်ထားသည်။နခခ (၅)အနီးအပြင် မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ် ၄ ရက်ကစတင်ခဲ့သည်။ အောက်တိုဘာအထိ တိုက်ပွဲများတွင် နခခ(၅)မှလွဲ၍ကျန် စခန်းများကိုသိမ်းယူထားနိုင်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းအကူအညီဖြင့် နခခ(၅)အား လနှင့်ချီခုခံခဲ့ပြီး AAက ယခုရက်ပိုင်း၌ ထိုးစစ်စင်တိုက်ခိုက်သိမ်းယူခြင်းဖြစ်သည်။နခခ(၅)ကိုရပါက AAသည် မောင်တောတစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။