Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားနောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ပြည်သူပံ့ပိုးမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူများကိုကျေးဇူးတင်ကြောင်း ဆလိုင်းထက်နီက ပြောကြားပြီး ဆက်လက် ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည်။

(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News၊CJ)
(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News၊CJ)

▪︎နှစ်ပတ်ကျော်အတွင်းတပ်စခန်း ၈ခု သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်သေ၊ ၂၀ဦးအရှင်မိ၊လက်နက် ၆၀ကျော်ရဟု CNF ပြော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စွဲထားသော အော်တိုတောင်တပ်စခန်းကို ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက လူထုနွေဦးသို့ အတည်ပြုသည်။

CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းပါဝင်သည့် ချင်းပြည်ကောင်စီ တပ်များသည် နိုဝင်ဘာ ၂၂ရက်ကစ၍ ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၁၇ရက်အကြာ ဒီဇင်ဘာ ၈ရက်တွင် နောက်ဆုံးလက်ကျန် အော်တိုတောင်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News၊CJ)
(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ – Chinland News၊CJ)

“ဒီနေ့ တနေကုန်တိုက်ပွဲဖြစ်တာ ညနေ ၃နာရီခွဲ ၄နာရီလောက်မှာ စိုးမိုးနိုင်ခဲ့တယ်။ ကျနော်တို့ လက်နက်အနည်းငယ်ရရှိတယ်။ ကျည်ဆံတွေလည်း ရရှိတယ်။ ဒါပေမဲ့ အခုကမြေပြင်မှာ ရှင်းလင်းရေး လုပ်နေတော့ အထိအခိုက်အတိအကျတော့ မသိရသေးဘူးပေါ့။ အဲဒီမှာ တချို့(စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့)က ထန်တလန်မြို့ဘက်ကို ပြန်ပြီးဆုတ်သွားတဲ့ပုံရတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ပွဲမှာ ထန်တလန်နှင့် အော်တိုတောင်ကုန်းအကြားတွင် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

“ချင်းပြည်အစိုးရတပ်က အော်တိုတောင် စခန်းကို ညနေပိုင်း ၃နာရီခွဲ မှာ သိမ်းပိုက်တာဖြစ်ပါတယ်။ အဲဒီ အော်တိုတောင်စခန်းနဲ့ ကာကင်းစခန်း ၃ခု အဲဒါ ကို သိမ်းပိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ စကစ ကျဆုံးတာတွေကတော့ မသိရသေးဘူး။ စကစ တချို့တွေကတော့ ထန်တလန်မြို့ဆုတ်သွားတယ်လို့ သိရတယ်။ ပြီးရင် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ အခု မှာ စကစ လေယာဉ်နဲ့ ဗုံးကြဲနေတယ် အော်တိုတောင်ဘက်ကို”ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News၊CJ)
(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ – Chinland News၊CJ)

အော်တိုတောင်စခန်းသိမ်းနိုင်လိုက်၍ ဟားခါး -ထန်တလန်မြို့နယ်ကြား၌ စစ်ကောင်စီ စခန်းများ မရှိတော့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ၎င်းတို့ ဆုံးရှုံးထားသည့် တပ်စခန်းများအား ပြန်လည်ရရှိရေး ဟားခါးဘက်မှ ထိုးစစ်ဆင်ရန် ပြင်ဆင်ကြိုးစားနေ၍ ဟားခါးဘက်တွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ဇူလိုင် ၂၂ရက်မှစ၍ ထန်တလန်မြို့သိမ်းတိုက်ပွဲအတွက် ဟားခါး-ထန်တလန်အကြားရှိ စစ်ကောင်စီ စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်စခန်းအားလုံး သိမ်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ၊ စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုးပြီး ဟားခါး-ထန်တလန်ကြား စခန်းများ ပြန်လည်ဝင်ရောက်နေရာယူထားရာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က နိုဝင်ဘာ ၂၂ရက်မှစ၍ တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ၁၇ရက်အတွင်း စစ်ကောင်စီ စခန်း အားလုံး ပြန်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“အဲဒီမှာ ကျနော်တို့ စိုးမိုးထားနိုင်တယ်ဆိုရင် ဟားခါးအတွက် သူတို့ စဉ်းစားပုံမှာ တော်တော်ခြိမ်းခြောက်ပြီလို့ သူတို့က တွက်ထားတယ်။ အဲဒါကြောင့် ဟားခါးကနေ အဲဒါတွေကို ပြန်စိုးမိုးနိုင်ဖို့ ဆက်လက်ပြီး ကြိုးစားနေတာပေါ့။ အခု ကျနော်တို့ သိမ်းပြီးတဲ့ဟာက ၈ခုရှိပြီ။ စကစ က ၃၀ကျော်သေဆုံးတယ်။ ဒါက ခိုင်လုံတဲ့ သတင်းပေါ့။ ဒဏ်ရာရကတော့ ၄၀ ခန့်ရှိတယ်။ အယောက် ၂၀က ကျနော်တို့ အရှင်ဖမ်းတယ်။ လက်နက်က ဒီနေ့ရောဆို ၆၀ ကျော်လောက်ရှိတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News၊CJ)
(ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ – Chinland News၊CJ)

ထို့ပြင် ကျည်ဆံသောင်းချီရရှိခဲ့ကြောင်းလည်း ဆလိုင်းထက်နီက ပြောသည်။ ဟားခါးမြို့ဘက်မှ စစ်ကူ၊ လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူသုံး ပြန်ထိုးစစ်ဆင်လာနိုင်၍တိုက်ပွဲများ ဆက်ရှိနိုင်ကြောင်း အသိပေးသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ပြည်သူပံ့ပိုးမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူများကိုကျေးဇူးတင်ကြောင်း ဆလိုင်းထက်နီက ပြောကြားပြီး ဆက်လက် ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။