Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်မြို့နယ် ခွာဖိုရွာကိုစစ်ကောင်စီတပ် ဗုံးကြဲ အမျိုးသမီး၆ ဦး အပါ၀အဝင်ပြည်သူ ၈ဦးသေဆုံး

ယ​နေ့(မတ်လ ၃၀ရက်)နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်က ရွာကို ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါဒေသ၌ တိုက်ပွဲမရှိဘဲ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Chin Journal)
(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Chin Journal)

▪︎ဒဏ်ရာပြင်းထန်သူများရှိပြီးသေဆုံးသူ ဦးရေ ထပ်မံ မြင့်တက်လာနိုင်

▪︎မင်းအောင်လှိုင်၏အမြစ်ပြတ်ချေမှုန်းရေးဗျူဟာမှာ ပြည်သူကို သတ်ပြခြင်းဖြစ်ဟု CNF ပြော

ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖို ရွာကို စစ်ကောင်စီတပ်က ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၆ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယ​နေ့(မတ်လ ၃၀ရက်)နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီတပ်က ရွာကို ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အဆိုပါဒေသ၌ တိုက်ပွဲမရှိဘဲ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု၎င်းက​ပြောသည်။

Public Service Announcement
Public Service Announcement

“အဲဒီမှာ ရွာသားက ၈ဦးသေဆုံးသွားတယ်။ ဆက်လက်ပြီးတော့ သေဆုံးမယ့် အနေအထား ဒဏ်ရာပြင်းထန်တဲ့ ဒေသခံတွေလည်းရှိသလို ဒဏ်ရာပေါင်းမြောက်များစွာ ရရှိတယ်။ အသေးစိတ်တော့ စုံစမ်းဆဲဖြစ်ပါတယ်” ဟုဆလိုင်းထက်နီက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာရှိနေအိမ်များ မီးလောင်လျက်ရှိကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာရှိသလို သူတို့ ရဲ့ကာချုပ်မင်းအောင်လှိုင်ကနေ ကျနော်တို့ကို ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာအဲဒါပါပဲ။ ဘယ်လိုအရေးယူသလဲ ကိုယ့်ပြည်သူကို ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်ရဲ့ ပြည်သူကို ရက်စက်ပြမယ် အဲဒါက သူလုပ်နေကျ အပြစ်မဲ့ ပြည်သူကို အဲဒီလို လုပ်ပြတာ။အဲဒီလို အကြမ်းဖက်ရက်စက်တာပဲဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။

(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Chin Journal)
(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-The Chin Journal)

ဒဏ်ရာရထားသူလတ်တ​လောစာရင်းအရ ၅ ဦးရှိပြီဒဏ်ရာပြင်းထန်သူများရှိ၍ ​သေဆုံးသူအရေအတွက် ထက်တိုးလာနိုင်သေးကြောင်းလည်းသိရသည်။

“ အမျိုးသမီးပါတယ်။ ဆက်လက်ပြီးတော့လည်း ရှိနိုင်တယ်။ အတည်ပြုလို့ရတာက သိက္ခာတော်ရ ဆရာတော်ရဲ့ သမီးနှစ်ဦး ပွဲချင်းပြီး သေဆုံးတာ ရှိတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိနိုင်သေးဘူး စုံစမ်းဆဲဖြစ်ပါတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

ပြည်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ရပ်ကို စစ်ကောင်စီတပ်က ဒေသအသီးသီး၌ ကျူးလွန်နေခြင်းဖြစ်သည်။

“ ကျနော်တို့ တော်လှန်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာ ပြည်သူကို ဦးတည်ခြင်းမပြုဘဲ တိုက်ခိုက်တာ။ သူတို့က ကိုယ့်ပြည်သူကို ကျနော်တို့ ချင်းပြည်သူတွေကို တရားမဲ့၊ဘုရားမဲ့ အဲဒီလို ရက်စက်နေတာဖြစ်ပါတယ်။ အဲဒါက တလျှောက်လုံး သူတို့ လုပ်လာနေကြ သူတို့ရဲ့ ဗျူဟာတစ်ခု အနေနဲ့ ဖြစ်တယ်။ အဲဒါကြောင့် ဒီလိုလုပ်ရပ်ဟာတကယ့်စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့ ဘုရားမဲ့ တရားမဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းပဲဖြစ်တယ်လို့ ပြောချင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ယခု ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ဖလမ်းနှင့် ဟားခါး ကြား၌ ချင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များ​နေသည်။

“သူတို့ အဲဒီလို အထိနာတိုင်း ဗုံးကြဲလေယာဉ်တွေ ပိုပြီးသုံးတာရှိတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံအရ သူတို့ဘက်က အထိနာတယ်ဆိုရင်တော့ ပြည်သူတွေကိုအဲဒီလိုမျိုးရက်စက်ပြတယ်။ မတရားဖမ်းဆီးတယ်။ အဲဒါတွေက သူတို့ လုပ်နေကြပါပဲ။ ဒီကြားထဲမှာ တိုက်ပွဲဖြစ်နေတဲ့ အနေအထားမှာ သူတို့ဘက်က အကျအဆုံးက တော်တော်များတယ်ပေါ့နော် အဲဒါကြောင့်လဲဖြစ်နိုင်ပါတယ်” ဟုချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ် အနန့်ပါဒေသ ဂီတဖျော်ဖြေပွဲသို့လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင် နှင့် အဆိုတော်များ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဝန်ထမ်းများလူဦးရေ ၈၀ ​ကျော်အသက်ဆုံးရှုံးခဲ့ရသည်။ အလားတူ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အများအပြားရှိခဲ့သည်။

ခွါဖိုရွာလေကြောင်းတိုက်ခိုက်ခံရမှုတွင်သေဆုံးသူများစာရင်းကို ချင်းပြည်နယ် အ​ခြေစိုက် The Chin Journal က​ဖော်ပြထားရာ ပြန်လည်ကိုးကား​ဖော်ပြ​ပေးလိုက်သည်။

ခွါဖိုရွာလေကြောင်းတိုက်ခိုက်ခံရမှုတွင်သေဆုံးသူများ

၁။ ငွန်ဒေါသ့် (Nu Ngun Dawt)
၂။ ဆုန်လှေ (Nu Sung Hlei)
၃။ လဲန်ဇီ (Nu Len Zi)
၄။ မခင်ရဲ့ မိခင် (Mah Khin Nu)
၅။ ရှန်ကျုံးဘိခ့် (Pa Siang Cung Bik)
၆။ ဗန်ဒု (Pa Van Duh)
၇။ ကေ့လျန် (Pa Kep Lian)
၈။ ကျုံးလှေ (Pa Cung Hlei)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။