Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် သမ္မတ မဖြစ်ခင် နုတ်ထွက်မယ်လို့ FBI အကြီးအကဲပြော

အမေရိကန် ထောက်လှမ်းရေးဌာန FBIရဲ့ အကြီးအကဲဟာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်မလာခင် ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးဌာန FBI ရဲ့ အကြီးအကဲဟာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်မလာခင် ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

ခရစ္စတိုဖာ ဝရေးကို ထရမ့်က ပထမအကြိမ် အမေရိကန် သမ္မတအဖြစ် တာဝန်ယူနေခဲ့ချိန် ၂၀၁၇ ခုနှစ်တုန်းက FBI အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး လာမယ့်နှစ်ကျရင် အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူမယ့် ထရမ့်ကတော့ ဝရေးရဲ့ နေရာကို သူ့အပေါ် အထူးသစ္စာရှိသူ ကက်ရှ်ပက်တဲလ်နဲ့ အစားထိုးလိုကြောင်း အတိအလင်း ထုတ်ပြောထားပါတယ်။

ဒါကြောင့် ဝရေးက ရာထူးက ထုတ်ပယ်ခံရတာမျိုး မတိုင်ခင် ကိုယ်တိုင် FBI အကြီးအကဲ နေရာက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရက်အတိအကျကို မဆုံးဖြတ်သေးပေမယ့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ရာထူးသက်တမ်း မကုန်ဆုံးခင်မှာ ဖြစ်လိမ့်မယ်လို့ ဝရေးက ပြောပါတယ်။

သူ့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် သီတင်းပတ် တချို့လောက် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားခဲ့တယ်လို့လည်း ဝရေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

FBI အကြီးအကဲ ရာထူးဟာ ၁၀ နှစ်သက်တမ်း ရှိပေမယ့် သူဟာ သတ်မှတ်ချိန်ထက် ၃ နှစ်စောပြီး အနားယူမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

ဝရေးဟာ သမ္မတ ဘိုင်ဒန် လက်ထက်မှာလည်း FBIကို ဆက်လက် ဦးဆောင်နေခဲ့ပြီး ၂၀၂၂ ခုနှစ်တုန်းက ထရမ့်ရဲ့ ဖလော်ရီဒါ နေအိမ်ကို ဝရမ်းနဲ့ ဝင်ရောက်စီးနင်း ရှာဖွေတဲ့ ကိစ္စမျိုးကို တာဝန်ယူခဲ့ပါတယ်။

ကိုယ်တိုင်က ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့်လည်း ထရမ့်ဟာ ဝရေးနဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကို မကြာခဏ ထုတ်ပြောလေ့ရှိပြီး မကြာသေးခင်က NBCနဲ့ အင်တာဗျူးမှာ သူ့နေအိမ်ကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့တဲ့ ကိစ္စကို အခဲမကျေသေးကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဝရေးက သူဟာ အသစ်ပြောင်းလဲလာမယ့် အမေရိကန် အစိုးရနဲ့ အငြင်းပွားစရာ အခြေအနေတွေ မကြုံချင်တာကြောင့် ကြိုကြိုတင်တင် နုတ်ထွက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တာလို့ ဆိုပါတယ်။

FBI အကြီးအကဲ နေရာကို ဆက်ခံဖို့ ရေပန်းစားနေတဲ့ ပက်တဲလ်ကတော့ ရာထူးလွှဲပြောင်းရေးကိစ္စ ချောချောမွေ့မွေ့ ဖြစ်စေဖို့ မျှော်လင့်ကြောင်းနဲ့ ပထမဆုံးနေ့ အလုပ်စလုပ်ဖို့ အသင့်ဖြစ်နေကြောင်း မှတ်ချက်ပေးထားပါတယ်။ ထရမ့်ကတော့ ဝရေး နုတ်ထွက်မယ့် ကိစ္စဟာ သတင်းကောင်း တစ်ခုလို့ ပြောကြားသွားပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။