Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားရွာမှ သံဃာလေးပါးအပါအဝင် ၁၇ဦးထက်မနည်းထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံ

ကျေးရွာတွင်လည်း ထွက်ပြေးလိုသူများ ရှိနေပြီး စစ်သားများတပ်စွဲထား၍ ခဏတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုနေကြောင်း ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားကျေးရွာတွင် စားနပ်ရိက္ခာရှားပါးလာ၍ သံဃာ လေးပါးအပါအဝင် ၁၇ ဦးထက်မနည်း ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့များထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်အခြေစိုက်ပြီး ပျူစောထီးအားကောင်းရာ ဇီးပြားကျေးရွာမှ သံဃာ လေးပါး၊အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေးအချို့သည် ၎င်းတို့ရွာ၌ စားနပ်ရိက္ခာခက်ခဲလာ၍ ဒီဇင်ဘာ ၃ ရက်က ထွက်ပြေးလာပြီး ခိုလှုံလာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

“သံဃာတော်တွေမှာ သူတို့စီးလာတဲ့ဖိနပ်တောင်ကောင်းကောင်းမပါတော့ဘူး။ သဲကြိုးအပြတ်နဲ့။ တစ်ရွာလုံးမှာလူဦးရေ ရှစ်ရာကိုးရာတစ်ထောင်ရှိတာတောင် ဖိနပ်အကောင်းမရှိတော့ဘူး။ သဲကြိုးပြတ်တဲ့သူနဲ့။ ဖိနပ်မပါတဲ့သူနဲ့။ ဆွမ်းဆိုရင်လည်းတစ်နေ့မှ တစ်နပ်စားရတယ်။ ပြီးခဲ့တဲ့နှစ်လသုံးလတုန်းက စစ်ကြောင်းလာတုန်းကဘေးရွာကနေ လှူမယ့်ပစ္စည်းတွေယူပြီးကာမှသူတို့ပျူရွာကိုပေးတယ်။ သံဃာတော်တွေက ပျူရွာကိုပေးလို့ရှိရင် လှူမယ့်ပစ္စည်းတွေကိုမှယူလို့ရှိရင် သူတို့ရွာပဲအမုန်းပွားမယ်။ဒီလိုကြီးတော့မနေချင်တော့ဘူးဆိုပြီးကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးထွက်လာတာ။”ဟု မြိုင်ပကဖ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာတွင်လည်း ထွက်ပြေးလိုသူများ ရှိနေပြီး စစ်သားများတပ်စွဲထား၍ ခဏတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုနေကြောင်း ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

ဇီးပြားကျေးရွာတွင် နယ်မြေရဲစခန်းတစ်ခုလည်း အခြေစိုက်ထားပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိုင်ချထားသည်။ တော်လှန်ရေးအဖွဲ့များကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် မကြာခဏ လာရောက်တိုက်ခိုက်နေသည်။

ပေါက်မြို့နယ်အပြင် မြိုင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်လက်အောက်ခံ ပျူရွာများအား ကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား၍ ပျူရွာများ ရိက္ခာမကြာခဏပြတ်တောက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။