Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့တွင်​နောက်ဆုံးကျန်​သော စကခ(၅)ကို AA သိမ်းပိုက်

အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ စစ်တပ်၏ လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ်စကခ(၅)ကိုအာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“စကခ(၅)က ရနေပါပြီ။သုံ့ပန်းတွေလည်း ရထားတာအမှန်ပါ။ တပ်တော်က ထုတ်ပြန်မှ သေချာသိကြရမယ်။ ရတာက ရပြီးနေပြီ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တဦးက ယနေ့ ညပိုင်း၌ ပြောသည်။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်စခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားသည်ဟု အာရက္ခတပ်တော်( AA)က နိုဝင်ဘာ ၂၉ ရက်သတင်းထုတ်ပြန်ခဲ့သည်။ အဓိကစခန်းဖြစ်သည့် စကခ (၅) တပ်မဌာနချုပ်နှင့် ၎င်းလက်​အောက်ရှိ ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင်ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို AAက ထပ်မံသိမ်းယူခဲ့သည်ဟု စုံစမ်းသိရသည်။ထို​ကြောင့်စကခ (၅)မှာ​နောက်ဆုံးကျန်ရှိ​နေခြင်းဖြစ်သည်။

နောက်ဆုံးကျန်ရှိနေသည့် စကခ(၅)ကိုAAကဒီဇင်ဘာလဆန်းတွင် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ချရန်ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလ၉ရက်နေ့အထိ လက်နက်ချခြင်းမရှိ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခြင်းဟု အခြားသတင်းရင်းမြစ်တဦးက ပြောသည်။

သို့​သော် တောင်ကုတ်မြို့မှ စကခ (၅)သိမ်းတိုက်ပွဲကို AA က တရားဝင်သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )
(​AA တပ်ဖွဲ့ဝင်များက ​မောင်​တော နခခ(၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင် တိုက်ခိုက်စဥ်နှင့် ​တောင်ကုတ်မြို့ မှ စကခ (၅) တည်​နေရာ​မြေပုံ။ ။ ဓါတ်ပုံ-AA Info Desk )

ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ AA နောက်ဆုံးထုတ်ပြန်ထားသည်မှာ မောင်တောမြို့မှနောက်ဆုံးကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု ဒီဇင်ဘာ ၁၁ ရက် မနက်အ​စောပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့မှ စစ်တပ်၏ လက်ကျန် စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒီဇင်ဘာလ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို​ကြောင့် AA က အမ်းမြို့တွင် ​နောက်ဆုံးကျန်​နေ​သော နပခ နှင့် ဂွမြို့နယ်တွင် စစ်တပ်လက်ကျန် စခန်းများသာသိမ်းပိုက်ရန် ကျန်ရှိ​တော့သည်။အမ်းနှင့် ဂွမြို့နယ်များကို အလုံးစုံသိမ်းပိုက်ပြီးပါက AA က ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ်သိမ်းပိုက်ပြီး ၊ စစ်​တွေ ၊​ကျောက်ဖြူ ၊မန်​အောင် မြို့နယ်တို့သာထပ်သိမ်းရန် ကျန်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာလစာထုတ်ပြီးအပြန်ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေပါဝင်တဲ့ခရီးသည်တင်စက်လှေတစီး နစ်မြုပ်ရာဆရာမ၁ဦးသေဆုံးပြီး၈ဦးပျောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။