Connect with us

Hi, what are you looking for?

News

ကန့်ဘလူတွင် ဒလန်အသတ်ခံရမှုစစ်ရန်လာသောစခန်းမှူးအပါအဝင်ရဲသုံးဦး မိုင်းထိ၍သေ

ရဲဒွေးရွာမှ ပေါတုတ်ဆိုသူသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း လုပ်နေ၍ KBU-UGက အောက်တိုဘာ ၂၀ရက်တွင် သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကန့်ဘလူမြို့တွင်ဒလန်အသတ်ခံရသည့် အမှုစစ်ဆေးရန်လာသော အကြမ်းဖက်စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်ရာ စခန်းမှုးအပါအဝင်သုံးဦး သေဆုံးသွားသည်ဟု KBU-UGအဖွဲ့က ထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာမှ ဒလန်ရှင်းလင်းခံရသောအမှုကို စစ်ဆေးရန် ထန်းကုန်းစခန်းမှလာသော ရဲ ၁၀ယောက်အား KBU-UG မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ယနေ့(အောင်တိုဘာ ၂၇)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ရဲ‌ဒွေးရွာမှာ ပေါက်ကွဲမှု ဖြစ်တာတော့ ဟုတ်တယ်။ရဲ‌တွေ သေတယ်လည်း ကြားတယ်။ ဘူနာတင်ကားတွေလည်း သွားကြတယ်။ ဘယ်အဖွဲ့က ဆော်လိုက်တာလဲတော့ ကျတော် မသိသေးဘူး” ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

ရဲဒွေးရွာမှ ပေါတုတ်ဆိုသူသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း လုပ်နေ၍ KBU-UGက အောက်တိုဘာ ၂၀ရက်တွင် သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Kanbalu Underground Warriors (KBU-UG)သည် စစ်အာဏာရှင်နှင့် သတင်းပေးဒလန်များအား ပြောက် ကျားစနစ်ဖြင့် သုတ်သင်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာကို စစ်တပ်က ယမန်​​နေ့က ဗုံးကြဲခဲ့တာ ကြောင့်အမျိုးသမီး၂ဦး၊ကလေးငယ်၂ဦး စုစု ပေါင်း၄ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

Facebook