Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန့်ဘလူတွင် ဒလန်အသတ်ခံရမှုစစ်ရန်လာသောစခန်းမှူးအပါအဝင်ရဲသုံးဦး မိုင်းထိ၍သေ

ရဲဒွေးရွာမှ ပေါတုတ်ဆိုသူသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း လုပ်နေ၍ KBU-UGက အောက်တိုဘာ ၂၀ရက်တွင် သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကန့်ဘလူမြို့တွင်ဒလန်အသတ်ခံရသည့် အမှုစစ်ဆေးရန်လာသော အကြမ်းဖက်စစ်ကောင်စီကားအား မိုင်းဆွဲတိုက်ခိုက်ရာ စခန်းမှုးအပါအဝင်သုံးဦး သေဆုံးသွားသည်ဟု KBU-UGအဖွဲ့က ထုတ်ပြန်သည်။

ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာမှ ဒလန်ရှင်းလင်းခံရသောအမှုကို စစ်ဆေးရန် ထန်းကုန်းစခန်းမှလာသော ရဲ ၁၀ယောက်အား KBU-UG မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ယနေ့(အောင်တိုဘာ ၂၇)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ရဲ‌ဒွေးရွာမှာ ပေါက်ကွဲမှု ဖြစ်တာတော့ ဟုတ်တယ်။ရဲ‌တွေ သေတယ်လည်း ကြားတယ်။ ဘူနာတင်ကားတွေလည်း သွားကြတယ်။ ဘယ်အဖွဲ့က ဆော်လိုက်တာလဲတော့ ကျတော် မသိသေးဘူး” ကန့်ဘလူမြို့ခံတစ်ဦးကပြောသည်။

ရဲဒွေးရွာမှ ပေါတုတ်ဆိုသူသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးလည်း လုပ်နေ၍ KBU-UGက အောက်တိုဘာ ၂၀ရက်တွင် သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Kanbalu Underground Warriors (KBU-UG)သည် စစ်အာဏာရှင်နှင့် သတင်းပေးဒလန်များအား ပြောက် ကျားစနစ်ဖြင့် သုတ်သင်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

တားမြစ်ချက်အားမလိုက်နာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတာဝန်သာဖြစ်ကြောင်း ပကဖက ထုတ်ပြန်ထားသည်။