Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတကို သူပုန်ခေါင်းဆောင်လို့ မြောက်ကိုရီးယား မီဒီယာ ဖော်ပြ

လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို သူပုန်ဂိုဏ်းခေါင်းဆောင်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက သုံးနှုန်းသွားခဲ့ပါတယ်။

လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို သူပုန်ဂိုဏ်းခေါင်းဆောင်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက သုံးနှုန်းသွားခဲ့ပါတယ်။

ယွန်ဟာ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက သက်တမ်း ၆ နာရီသာ ခံခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု နောက်ဆက်တွဲ ဂယက်အဖြစ် လွှတ်တော်မှာ စွပ်စွဲပြစ်တင် ခံရပြီး သမ္မတ တာဝန်ကနေ ဆိုင်းငံ့ ခံထားရပါတယ်။ လောလောဆယ်မှာတော့ တောင်ကိုရီးယား အစိုးရကို ဝန်ကြီးချုပ် ဟန်ဒက်ဆူက ယာယီ သမ္မတအဖြစ် ဦးဆောင်နေပါတယ်။

တောင်ကိုရီးယားရဲ့ ခါးသီးပြိုင်ဘက် မြောက်ကိုရီးယားဟာ အိမ်နီးချင်း နိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးနဲ့ ပတ်သက်ပြီး အတော်လေး နှုတ်ဆိတ်နေခဲ့ပေမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်မှာတော့ ယွန်ကို အစိုးရအာဘော် သတင်းစာကနေ ထိုးနှက်လိုက်တာ ဖြစ်ပါတယ်။

ယွန်ကို လွှတ်တော် မဲခွဲမှု ရလဒ်ကြောင့် ရာထူးက ဆိုင်းငံ့ထားပြီးတဲ့နောက် တရားဝင် ထုတ်ပယ်ဖို့ သင့်မသင့် ဆက်လက် စုံစမ်းသွားမယ်လို့ တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက ကြေညာထားပါတယ်။ ခုံရုံးဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ယွန်ရဲ့ ရာထူးနေရာ ဆက်မြဲမမြဲ ဆိုတာက အဖြေထွက်လာမှာပါ။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ရုပ်သေးအဆင့် သူပုန်ဂိုဏ်းခေါင်းဆောင် ယွန်ဆွတ်ခ်ယောနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ခေါင်းစဉ်တပ်ပြီး သတင်းဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ယွန်ကို ရာထူးကနေ ထုတ်မထုတ် ဆိုတာကိုလည်း ရုပ်သေး အခြေခံ ဥပဒေ ခုံရုံးကပဲ ဆုံးဖြတ်လိမ့်မယ်လို့လည်း KCNAက ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာဟာ တောင်ကိုရီးယား အစိုးရကို အမေရိကန် ခိုင်းတာလုပ်ရတဲ့ အဆင့်မျိုးလို့ နှိမ့်ချပြီး ရုပ်သေးလို့ ကျယ်ကျယ်ပြန့်ပြန့် ရည်ညွှန်း သုံးနှုန်းလေ့ ရှိပါတယ်။

KCNAက တောင်ကိုရီးယားဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု နောက်ဆက်တွဲအဖြစ် ဂယက်ပေါင်းစုံနဲ့ ရှုပ်ထွေးနေတယ်လို့လည်း အရင်ကတစ်ကြိမ် သတင်းဖော်ပြခဲ့ပါသေးတယ်။

ယွန်ရဲ့လက်ထက်မှာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ နှစ်အတော်များများအတွင်း အခါးသီးဆုံး အခြေအနေထိ ကျဆင်းလာသလို မြောက်ကိုရီးယားကလည်း ဒုံးကျည်လက်နက် နည်းပညာတွေကို အဆင့်မြှင့်တင်မှုတွေ ပိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။