Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေတားဆီးနိုင်ရေး ဒေသတွင်းနဲ့ နိုင်ငံတကာက ပြတ်သားစွာတုံ့ပြန်ဖို့ အာဆီယံခေါင်းဆောင်တွေကို NUG ယာယီသမ္မတ တိုက်တွန်း

စစ်အာဏာသိမ်း အုပ်စုကို ၎င်းတို့ရဲ့ လက်နက်များ၊ ငွေကြေးများနဲ့ ပြစ်ဒဏ်မဲ့ ကင်းလွတ်နေမှု များကို ခမ်းခြောက်သွားအောင် အကူအညီပေးဖို့လည်း ဆက်လက်တောင်းဆိုပါတယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာက အလျှော့မပေးဘဲ ပြတ်သားစွာတုံ့ပြန်မှာသာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို တားဆီးနိုင်မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

လက်ရှိကျင်းပနေဆဲ အာဆီယံထိပ်သီးညီလာခံကို ပေးပို့တဲ့ အစည်းအဝေးမိန့်ခွန်းမှာ NUG ယာယီသမ္မတက တိုက်တွန်းခဲ့ပြီး အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူပေါင်းများစွာ ပျောက်ဆုံးမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုတွေဟာ ခေတ်သစ်မြန်မာပြည်မှာ တစ်ကြိမ်မှ မကြုံဖူးခဲ့တဲ့ အတိုင်းအတာနဲ့ ဖြစ်ပေါ်လာမယ့် အလားအလာကို အာဆီယံကလည်း မျက်မြင်သက်သေအဖြစ် မြင်တွေ့ သက်သေခံရပါတော့မယ်လို့ ဆိုပါတယ်။

နောက်ပြီး NUGအား မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် အသိအမှတ်ပြုပေးဖို့၊ အရေအတွက်တိုးလာပြီး အကူအညီအလွန်အမင်းလိုအပ်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက် ထားမှုအကူအညီနဲ့ ဆေးဝါး အကူအညီပေးရေး NUG နဲ့ အ မြန်ဆုံးပူးပေါင်းဆောင်ရွက်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုပါတယ်။

စစ်အာဏာသိမ်း အုပ်စုကို ၎င်းတို့ရဲ့ လက်နက်များ၊ ငွေကြေးများနဲ့ ပြစ်ဒဏ်မဲ့ ကင်းလွတ်နေမှု များကို ခမ်းခြောက်သွားအောင် အကူအညီပေးဖို့လည်း ဆက်လက်တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခု အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းသစ်ရဲ့ တာထွက်ဖြစ်လာစေဖို့လည်းမျှော်လင့်ကြောင်းနဲ့ စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ ပြည်သူတွေနဲ့ ဒေသရဲ့ ပဋိပက္ခတွေကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။