Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပူတင်ပြော

ယူကရိန်း စစ်ပွဲ ရပ်တန့်စေရေး ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးထားမှာ ဖြစ်ပေမယ့် ယူကရိန်း အစိုးရနဲ့ တိုက်ရိုက် စကားပြောမှာ မဟုတ်သလို အပစ်အခတ် ရပ်စဲရေးဆိုတဲ့ သဘောထားမျိုးကိုလည်း စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားပါတယ်။

ယူကရိန်း စစ်ပွဲ ရပ်တန့်စေရေး ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးထားမှာ ဖြစ်ပေမယ့် ယူကရိန်း အစိုးရနဲ့ တိုက်ရိုက် စကားပြောမှာ မဟုတ်သလို အပစ်အခတ် ရပ်စဲရေးဆိုတဲ့ သဘောထားမျိုးကိုလည်း စိတ်မဝင်စားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားပါတယ်။

နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း ပြုလုပ်နေကျဖြစ်ပြီး နာရီပေါင်းအတော်ကြာ ရှည်လျားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပူတင်က အခုလို မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပူတင်က ယူကရိန်းမှာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ဦးဆောင်တဲ့ အစိုးရ အုပ်ချုပ်နေတာဟာ တရားဝင်မှု မရှိဘူးလို့လည်း စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲမှာ အခြေအနေတွေ လျင်လျင်မြန်မြန် ပြောင်းလဲနေပြီး ရှေ့တန်း စစ်မျက်နှာပြင် အားလုံးမှာ ရုရှားတပ်တွေက ရှေ့တိုး ချီတက်နေကြောင်း၊ ရုရှားစစ်သည်တွေဟာ နေ့စဉ်နဲ့အမျှ နယ်မြေတွေ ချဲ့ထွင် သိမ်းယူနေနိုင်ကြောင်း၊ ရုရှားစစ်တပ်ဟာ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ အထမြောက်ရေး နီးသထက် နီးလာအောင် စွမ်းဆောင်ပြနေကြောင်း ပူတင်က ပြောကြားသွားပါတယ်။

အထူးစစ်ဆင်ရေး ဆိုတာဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲကို ရုရှားက သုံးနှုန်းတဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့အနေနဲ့ အသစ်တက်လာမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရ အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ သဘောတရားကို ပယ်ချပြီး စစ်မတိုက်ဘူးဆိုတဲ့ ရေရှည် အာမခံချက်မျိုးနဲ့ ချဉ်းကပ်ဆွေးနွေးမှုကိုသာ သဘောတူနိုင်မှာဖြစ်ကြောင်း ပူတင်က အရိပ်အမြွက် ဆိုပါတယ်။

အဲဒီအတွက် ယူကရိန်းဟာ NATO စစ်မဟာမိတ် အဖွဲ့နဲ့ မပူးပေါင်းဘဲ ကြားနေဝါဒကို ကိုင်ဆွဲမယ်ဆိုတဲ့ ကတိမျိုး ပေးရမှာ ဖြစ်သလို စစ်အင်အား တချို့ကိုလည်း လျှော့ချဖျက်သိမ်းရမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် အနောက်နိုင်ငံတွေက ရုရှားအပေါ် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ပယ်ဖျက်ပေးဖို့လိုကြောင်း ပူတင်က အထက်စည်းဆန်ဆန် မှတ်ချက်ပေးသွားပါတယ်။

နောက်ပြီး ရုရှားဟာ ဇီလန်စကီး ဦးဆောင်တဲ့ ယူကရိန်း အစိုးရနဲ့ ဘယ်လို သဘောတူညီမှုမျိုးကိုမှ လက်မှတ်ရေးထိုးဖြစ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နောက်ပြီး ပူတင်က ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ခေတ်အမီဆုံး ဒုံးကျည်လက်နက် နည်းပညာတွေကို လက်တွေ့ အသုံးချ ပြနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရုရှားရဲ့ Oreshnik အမျိုးအစား တာလတ်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည် အသစ်ဟာ ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး စနစ်တွေကို ကျော်လွှား အနိုင်ယူနိုင်တယ် ဆိုတာကို လက်တွေ့ မြင်သာစေခဲ့တယ်လို့လည်း ပူတင်က ကြွေးကြော်သွားပါတယ်။

ပူတင်က ယူကရိန်းဟာ NATO အဖွဲ့ထဲ မဝင်ဘူးလို့ အာမခံချက် ပေးမှသာ စစ်ပွဲရပ်ဆိုင်းနိုင်ခြေ ရှိတယ်လို့ သတိပေးနေပေမယ့် တစ်ဖက်မှာတော့ ဇီလန်စကီးက NATO အဖွဲ့ဝင် ဖြစ်လာခြင်းကသာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် စစ်မှန်တဲ့ တစ်ခုတည်းသော အာမခံချက်မျိုးလို့ မှတ်ချက်ပေးထားပါတယ်။

ပူတင်ဟာ နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲတွေကို ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုလည်း ကြိုတင် သတ်မှတ်ထားစေလေ့ ရှိတယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

ပူတင်က ရုရှားရဲ့ အမာခံ မဟာမိတ် ဖြစ်ခဲ့တဲ့ ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အစိုးရအဖွဲ့ ကျဆုံးခန်းဟာ ရုရှားအတွက် အထိနာစေမှု တစ်ခုဆိုတာကိုလည်း ပယ်ချသွားခဲ့ပါတယ်။ လောလောဆယ် ရုရှားမှာ နိုင်ငံရေး ခိုလှုံနေတဲ့ အာဆတ်ကို သူက လူချင်း မတွေ့ရသေးပေမယ့် မကြာခင် တွေ့ဆုံသွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။ လက်ရှိ အချိန်ထိ ဆီးရီးယားမှာ ရုရှားရဲ့ စစ်စခန်းတွေ မရုပ်သိမ်းရသေးပေမယ့် ရေရှည် ဆက်ပြီး ဖြန့်ကျက်ထားဖို့ သင့်မသင့် ဆိုတာကို ပြန်လည် ဆန်းစစ်သွားမယ်လို့လည်း ပူတင်က ပြောကြားသွားပါတယ်။

ကိုးကား: Guradian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။