Connect with us

Hi, what are you looking for?

သတင်း

နတ်သံကွင်းအခြေစိုက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ စစ်ရှောင် ၂ဦးသေဆုံး

ဒီဇင်ဘာ ၁၅ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒါးကုလား ကျေးရွာမှ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

(နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်အပိုင်းအစများ။ ဓာတ်ပုံ − KNU)
(နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်အပိုင်းအစများ။ ဓာတ်ပုံ − KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင်ပြည်သူ နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ရက် နံနက်တွင် စစ်ကောင်စီတပ်များက ၁၂၂ မမ လက်နက်ကြီးဖြင့်ပစ်ခတ်၍ သူးကဘီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အဆိုပါ ကျေးရွာ၌ စစ်ရှောင်နေသည့် နောင်ကုန်းရွာခံ အမျိုးသား တစ်ဦးနှင့်အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နေအိမ်၊ စျေးဆိုင်နှင့် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၅ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒါးကုလား ကျေးရွာမှ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရွှေကျင်မြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၄ရက်က တောင်ငူလေတပ်မှ တက်လာသည့် တိုက်လေယာဉ်က တဃော်ကွီးရွာဟောင်းအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ခလရ( (၅၇) ပူးပေါင်းတပ်မှ လက်နက်ကြီးပစ်ခတ်၍ စံဖဲရွာနေ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။