Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင် ရေဖြူကန်ရွာ၌ KNLAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင်လည်း စစ်ကောင်စီက ဒေသတွင်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေလဲဗမာ ရွာသို့ လာရောက်ခိုလှုံနေသည့် ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

(KNLA တပ်ဖွဲ့ဝင်တဦး။ ။ဓာတ်ပုံ − KNU)
(KNLA တပ်ဖွဲ့ဝင်တဦး။ ။ဓာတ်ပုံ − KNU)

စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာ၍ ကျေးရွာလေးရွာမှ ပြည်သူ နှစ်ထောင်ကျော် စစ်ရှောင်

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ရေဖြူကန်ကျေးရွာ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၇)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဒီဇင်ဘာ ၉ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ရက်မှ ၈ရက်အတွင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး၊ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားစဉ် တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေကို အသိပေးထားခြင်းဖြစ်သည်။

ရွှေကျင်မြို့နယ် တော်ဝိကျေးရွာ၌ နေရာယူထားသည့် စစ်ကောင်စီတပ်သည် ဂွေးကုန်းရွာသို့ ဒရုန်းဖြင့် လက်နက်ကြီး ဗုံးသီးချ တိုက်ခိုက်ခဲံရာ ဒီဇင်ဘာ ၅ရက်မှ ၇ရက်အတွင်း ဗုံးသီး အလုံးရေ ၁၃လုံး ကြဲချ တိုက်ခိုက်ခဲ့ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၇ရက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။သို့သော်လည်း တိုက်ပွဲ အ​ခြေအ​နေအသေးစိတ်ကို ဖော်ပြမထားပေ။

ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒရုန်း၊ လက်နက်ကြီးများ တိုက်ခိုက်ခဲ့၍ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာနှင့် ရေဖြူကန်ကျေးရွာမှ ဒေသခံ ၂၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးကြရသည်ဟု အသိပေးသည်။

KNU ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်တွင်လည်း စစ်ကောင်စီက ဒေသတွင်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေလဲဗမာ ရွာသို့ လာရောက်ခိုလှုံနေသည့် ရွာသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။