Connect with us

Hi, what are you looking for?

သတင်း

AAနဲ့ ထိတွေ့ဆက်ဆံဖို့ ဘင်္ဂလားဒေ့ရှ်ကို ပညာရှင်တွေနဲ့ သံအရာရှိဟောင်းတွေ တိုက်တွန်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

(BIPSS က ရခိုင်ပြည်နယ်နှင့်ပက်သက်၍ ၂၀၂၄ ဇူလိုင် လလယ်က ပြုလုပ်ခဲ့​သော ​ဆွေး​နွေးပွဲကို​နွေ့ရစဥ်။ဓါတ်ပုံ-BIPSS)
(BIPSS က ရခိုင်ပြည်နယ်နှင့်ပက်သက်၍ ၂၀၂၄ ဇူလိုင် လလယ်က ပြုလုပ်ခဲ့​သော ​ဆွေး​နွေးပွဲကို​နွေ့ရစဥ်။ဓါတ်ပုံ-BIPSS)

People’s Spring

လုံခြုံရေး ပညာရှင်တွေ၊ သံတမန်ရေးရာ အရာရှိဟောင်းတွေနဲ့ တခြားသော နယ်ပယ် အသီးသီးက ပညာရှင်တွေက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ အာရက္ခတပ်တော် (AA)ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံသင့်ပြီလို့ တိုက်တွန်း တောင်းဆိုလာကြပါတယ်။

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

‘မောင်းတောကျဆုံးပြီးနောက် ရခိုင်အခြေအနေဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းအတွက် အရှုပ်အထွေးများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှု တစ်ခုကို ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး လေ့လာမှု ဌာန (BIPSS)က ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့နောက် အခုလို တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

BIPSS ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် အက်ဘ်ဒူလာ နျူရူလ် မူဟာမက် မူနီရူဇာမန်ကိုယ်တိုင် အဲဒီ အစည်းအဝေးကို ကြီးမှူးခဲ့ပါတယ်။ တက်ရောက်သူတွေထဲမှာ မြန်မာနဲ့ ဆက်နွှယ်မှု ရှိခဲ့သူတွေ အပါအဝင် သံအရာရှိ တချို့ကိုလည်း တွေ့ခဲ့ရပါတယ်။

လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်းနဲ့ လက်ရှိ အရှေ့-အနောက် တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခအဖြစ် တာဝန်ယူထားသူ ပါဗက်ဇ် ကာရင်မ် အက်ဘာဆီက လက်ရှိ ကာလဟာ AAကို သံတမန်ရေးအရ ထိတွေ့ ဆက်ဆံဖို့ လိုအပ်တဲ့ အနေအထား ဖြစ်လာကြောင်း၊ ရှေးထုံးနည်းလမ်းတွေ အရလည်း တူညီတဲ့ အခြေအနေတွေမှာ အခုလို လမ်းစဉ်မျိုးကို ရွေးချယ်ခဲ့တာတွေ အများအပြား ရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။

သူက တရားဝင် မဟုတ်တဲ့ လမ်းကြောင်းတွေကို ရှာဖွေပြီး AAလိုမျိုး အစိုးရအဆင့် မဟုတ်တဲ့ အင်အားစုတွေနဲ့ ဆက်ဆံဖို့ ဆိုတာဟာ စိန်ခေါ်မှုတွေတော့ များပြားတယ်လို့ ထောက်ပြခဲ့ပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်ကို AAက ထိန်းချုပ်လိုက်ခြင်းဟာ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ပုန်ကန်ရေး အင်အားစုတွေ လှုပ်ရှားလာနိုင်ခြေ အန္တရာယ်ကို ပိုမို ကြီးမားသွားစေနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

မူနီရူဇာမန်ကလည်း ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေရှိမယ့် ရှင်းလင်းတဲ့ မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ဖို့ လိုနေပြီလို့ အလေးအနက် တိုက်တွန်းသွားခဲ့ပါတယ်။ AAနဲ့ အချိန်မီ ထိတွေ့ဆက်ဆံမှုတွေ မလုပ်နိုင်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဘင်္ဂလားဒေ့ရှ်ဟာ နောက်ကျ ကျန်နေလိမ့်မယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ကုန်းတွင်းပိတ် ဒေသ မဟုတ်ဘဲ ပင်လယ်ရေကြောင်း လမ်းတွေကနေတဆင့် ပြည်ပနဲ့ ထိတွေ့ဆက်ဆံမှုတွေ တည်ဆောက်နိုင်ကြောင်း၊ အခုတောင် ပြည်ပနဲ့ ထိတွေ့ဆက်ဆံမှုတချို့ စတင် နေပြီဖြစ်ကြောင်း သူက သတိပေးခဲ့ပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ အစိုးရဟာ မူဝါဒရေးရာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး AAနဲ့ စတင်ထိတွေ့ဆက်ဆံနေပြီလို့သူက ထောက်ပြခဲ့ပါတယ်။

တခြားတက်ရောက်လာသူတွေကလည်း ဘင်္ဂလားဒေ့ရှ်ဟာ AAနဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အတွက် လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေမှာ အပြန်အလှန် အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ကြပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ လွှမ်းမိုး သက်ရောက်နိုင်စွမ်းကို အလေးထား စဉ်းစားဖို့လိုကြောင်း ဆွေးနွေးပွဲမှာ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ အူဟစ်ဒ် ဟိုစိန်က ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ အစိုးရ မဟုတ်တဲ့ AAလို အင်အားစုမျိုးနဲ့ တိုက်ရိုက်ဆက်ဆံဖို့ အဆင်မပြေဘူးဆိုတဲ့ သဘောထား မှတ်ချက်မျိုး ပေးထားခဲ့ဖူးပါတယ်။

ကိုးကား: Financial Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။