Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေချထား

မန္တလေးမြို့မှာ နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့အတွက် စစ်ကောင်စီက လုံခြုံရေးတွေအများကြီးချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေချထား
မန္တလေးမြို့နှစ်သစ်ကူးညပွဲတော်ပြုလုပ်ဖို့ စစ်ကောင်စီက လုံခြုံရေးတွေချထား

ရှိန်း/People’s Spring

ကျုံးတောင်ဘက် ၆၆လမ်းနဲ့၂၆လမ်းထောင့်မှာ နှစ်သစ်ကူးညပွဲတော် ပြုလုပ်ဖို့စီစဥ်နေပြီး ဒီကနေ့မနက်ပိုင်းကတည်းက ကျုံးဘေးလမ်းကိုအဝင်၊အထွက် ပိတ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မန္တလေးမြို့၊စည်ပင်သာယာရေးကော်မတီရဲ့အစီစဥ်နဲ့ နှစ်သစ်ကူးညကို အဆိုတော်တွေငှားရမ်းဖျော်ဖြေဖို့စီစဥ်ထားပြီး အဲဒီပွဲကိုတော့ စစ် ကောင်စီကနေ အရပ်ဘက်အသွင်ပြောင်းထားတဲ့ စည်ပင်တွဲဖက်အတွင်းရေးမှူးပိုင်တဲ့တီးဝိုင်းကလုပ်ကိုင်ခွင့်ရယူထားတာလို့ သိရပါတယ်။

နှစ်သစ်ကူးညပြုလုပ်ဖို့ ကျုံးတောင်ဘက်ခြမ်းတခုလုံးကို အဝင်၊အထွက်ပိတ်ထားပြီး ၂၇လမ်းကနေ စပိတ်ထားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စက်လက်တွေတင်ထားတဲ့ စစ်ကားနဲ့ လုံခြုံရေးစစ်ကား၊အထူးရဲကားတွေလည်း မြို့တွင်းမှာလှည့်လည်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီက ဒီလိုမျိုးပျော်ပွဲ၊ရွှင်ပွဲတွေပြုလုပ်ထားပေမယ့် ဒီနေ့ညမှာ ပေါ်တာဆွဲမယ့်သတင်းတွေပြန့်နေပြီး ရပ်ကွက်တွေမှာတော့ လူဖမ်းပွဲရှိတယ်လို့ ပြောဆိုနေကြပါတယ်။

“သူတို့ကပွဲလုပ်ပြီး သူတို့ကပြန်ဖမ်းအုံးမှာ။ပွဲလုပ်ပေးပြီးရင်တော့ မဖမ်းနဲ့လေ။အခုလည်း ဖမ်းမှာလို့ သတင်းတွေထွက်နေတယ် “လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့နဲ့ ၁၀မိုင်ပဲဝေးတဲ့ မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာမှာ စစ်တပ်နဲ့တော်လှန်​ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က တပ်သားလိုအပ်ချက်များနေတာကြောင့် မြို့တွင်းမှာပေါ်တာဆွဲတာတွေ မရပ်မနားပြုလုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၅၅လမ်းနဲ့ ၃၅လမ်းထိပ်မှာ အရပ်ဝတ်လက်နက်ကိုင်စစ်သားတွေက ပြည်သူတွေရှေ့မှာတင် လူငယ်အမျိုးသား၂ဦးကို ကားပေါ်ဆွဲတင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။