Connect with us

Hi, what are you looking for?

သတင်း

ကရင်နှစ်သစ်ကူးနေ့မှာ ဖာပွန်ခရိုင်ထဲက နိုဖောထီးရွာ ဗုံးကြဲခံရ

KNU တပ်မဟာ (၅) နယ်မြေ ကတိုင်တိဒေသမှာ စစ်ရေးတင်းမာနေချိန်မှာ ကတိုင်တိအနီးက ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

ဓာတ်ပုံ - Google Earth
ဓာတ်ပုံ - Google Earth

နိုင်ပကောင်း/People’s Spring

ဒီနေ့ (ဒီဇင်ဘာလ ၃၀ ရက် )မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ထဲက နိုဖောထီးရွာကို စစ်ကောင်စီလေတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ကတိုင်တိဒေသမှာ စစ်ရေးတင်းမာနေချိန်မှာ ကတိုင်တိအနီးက ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကိုအသေစိတ်မသိရပေမယ့် ကတိုင်တိ၊ ဘောကျိုလယ် ရွာတွေက ဒေသခံတွေ ကမမောင်း ၊ မြိုင်ကြီးငူ ဘက်ဆီတိမ်းရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေဟာ ဖာပွန် – ကတိုင်တိ – ကမမောင်းလမ်းက စစ်ကောင်စီရဲ့ တောင်သုံးလုံး ၊ ဆင်စွယ်စခန်း တို့ကို သိမ်းယူ ပြီးနောက် ကျန်ရှိနေတဲ့ ကတိုင်တိ စခန်းကို မနေ့ (ဒီဇင်ဘာလ ၂၉ )မှာ စတင်တိုက်ခိုက်တာလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ကတိုင်တိစခန်းကို တိုက်ခိုက်မှုမှာ KNU ဘက်ကနေ ကရင့်နယ်ခြားစောင့်တပ်(BGF) တပ်နယ် (၁) လက်အောက်ခံ ကတိုင်တိအခြေစိုက် ဗိုလ်မှုးစောလှကြိုင် ဦးဆောင်တဲ့ အမှတ် (၁၀၁၃) တပ်ရင်းကပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့သတင်းထွက်လာပါတယ်။

“BGF တပ်တွေ ပူးပေါင်းပါဝင်မှုရှိမရှိတော့ အတိအကျမသိရသေးဘူး”လို့KNUတပ်မဟာ(၅)ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှုး ကြီးစောကလယ်ဒိုက ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ တပ်ဖွဲ့စည်းပုံအရ တပ်နယ်(၁)လက်အောက်မှာ အမှတ်(၁၀၁၁)တပ်ရင်း၊ အမှတ်(၁၀၁၂)တပ်ရင်း၊ အမှတ်(၁၀၁၃)တပ်ရင်းနဲ့ အမှတ်(၁၀၁၄)တပ်ရင်း တို့ ရှိပါတယ်။

ကတိုင်တိစခန်း မကျဖို့ စစ်ကောင်စီတပ် ကမမောင်းနဲ့ မြိုင်ကြီးငူဒေသ မှ တဆင့် စစ်ကူပို့လာပြီး အဲဒီ စစ်ကူစစ်ကြောင်းဟာ လက်ရှိမှာ ကမမောင်းမြို့အထက်ဘက်နားမှာ ရောက်ရှိနေပါပြီ ။

ကမမောင်းနဲ့ကတိုင်တိကတော့မိုင် ၂၀ ဝေးပြီး ဖာပွန် – ကမမောင်း လမ်းပိုင်း မှာ စစ်ကောင်စီ ရဲ့ ကတိုင်တိ စခန်းအပြင် ကမမောင်း ဗျုဟာ ကျန်ရှိပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။