Connect with us

Hi, what are you looking for?

News

လာမယ့်နိုဝင်ဘာလ ၁ရက်မှာ အခြေခံပညာကျောင်းတွေပြန်ဖွင့်မယ်လို့စစ်ကောင်စီစီစဉ်

ချန်လှပ်ထားမယ့် မြိ့နယ်တွေကတော့ ကချင်ပြည်နယ်မှာ နောင်မွန်း ၊ ပူတာအို ၊ဗန်းမော် ၊ မိုးကောင်း ၊ မိုးညှိင်း ၊ ချီဖွေတို့ဖြစ်ပါတယ်။

People's Spring
People's Spring

ပုဂ္ဂလိကကျောင်း ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပါအဝင် တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတွေကို လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ကာ ပြန်လည်ဖွင့်လှစ်မယ်လို့စစ်ကောင်စီကကြေညာပါတယ်။

ဒီလိုဖွင့်လှစ်ရာမှာ တိုင်းနဲ့ပြည်နယ် အချို့က မြို့နယ် ၄၆ မြို့နယ်ကိုတော့ချန်လှပ်ထားမှာပါ။

အဲဒီမြို့နယ်တွေမှာ ကိုဗစ်တွေ့နှုန်းကို သုံးသပ်ပြီး ယာယီပိတ်ထားရတာလို့ စစ်ကောင်စီ ဆိုပါတယ်။

ချန်လှပ်ထားမယ့် မြိ့နယ်တွေကတော့ ကချင်ပြည်နယ်မှာ နောင်မွန်း ၊ ပူတာအို ၊ဗန်းမော် ၊ မိုးကောင်း ၊ မိုးညှိင်း ၊ ချီဖွေတို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကယားပြည်နယ်မှာ ဖားဆောင်း ၊ဘောလခဲ၊မယ်စဲ့ တို့ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ဖာပွန်နဲ့ သံတောင်ကြီးတို့ပါဝင်ပါတယ်။

ချင်းပြည်နယ်မှာတော့ ဖလမ်းနဲ့ ဟားခါးတို့ပါတာတွေ့ရပါတယ်။

စစ်ကောင်းတိုင်းမှာ လေရှီးတစ်မြို့နယ်တည်းထည့်ထားပါတယ်။

မကွေးတိုင်းမှာ ဆော၊ ထီးလင်း ၊ကံမနဲ့ဆင်ပေါင်ဝတို့ပါပါတယ်။

မန္တလေးမှာ မိတ္ထီလာကို ချန်လှန်ထားပြီး ရခိုင်ပြည်နယ်မှာတော့ ဂွမြို့နယ်ပါဝင်တာတွေ့ရပါတယ်။

Public Service Announcement

ရှမ်းပြည်နယ်မှာ နောင်ချို ၊ကျိုင်းတုံ ၊ မိုင်းဖြတ် ၊ မိုင်းယောင်း ၊ဆီဆိုင် ၊ပင်းတယ ၊ ပင်လောင်း ၊ ရပ်စောက် ၊ဟိုပုံး ၊ ကွတ်ခိုင် ၊ နမ့်ခမ်း ၊ မဘိမ်း ၊ မိုင်းဆတ် ၊ ကွမ်းလုံ ၊ လားရှိုး ၊ သိန္ဒီ၊ မိုးနဲ၊ မိုင်းပန် ၊ မောက်မယ် ၊လင်းခေး၊ကွန်ဟိန်း ၊နမ့်စန်၊မိုင်းရှူး ၊ လဲချားနဲ့လွိုင်လင်တို့ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်တိုင်းပြည် ပုံမှန်အခြေအနေတိုင်းဖြစ်နေတယ်ဆိုတာကိုပြသချင်တဲ့အတွက် ကျောင်းတွေကိုဖွင့်ခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်ကူးစက်မှုတွေဖြစ်တဲ့အခါ ပိတ်လိုက်ရပါတယ်။

ဒါပေမယ့် အသက် ၁၂ နှစ်အထက် ကျောင်းသား ၊ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးကာ ဒီတခါပြန်ဖွင့်နိုင်ဖို့ လုံးပမ်းနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook