Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့လို့ နာမည်ပြောင်းမယ်လို့ ထရမ့်ပြော

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းပစ်မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ရဲ့ နာမည်ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းပစ်မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ထိစပ်နေရာ ရေပြင်ကို အမေရိက ပင်လယ်ကွေ့လို့ နာမည်ပြောင်းလိုက်တာဟာ လှပတဲ့ စိတ်ကူးမျိုး ဖြစ်လိမ့်မယ်လို့ ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့မှာ မှတ်ချက် ပေးခဲ့ပါတယ်။ ထရမ့်ဟာ သူသမ္မတ ဖြစ်လာရင် ကမ္ဘာ့အနောက်ဖက်ခြမ်းရဲ့ နယ်နိမိတ် မြေပုံ သတ်မှတ်ချက်တွေကို ပြောင်းလဲပစ်ချင်တဲ့ အငြင်းပွားစရာ သဘောထားတွေ ပြသထားပါတယ်။

သူက အိမ်နီးချင်း ကနေဒါ နိုင်ငံကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်လို့ ရည်ညွှန်းခဲ့သလို ဒိန်းမတ်ဟာလည်း ဂရင်းလန် ကျွန်းကို ပိုင်ဆိုင်ခွင့် လက်လွှတ်ပြီး အမေရိကန်ဆီ လက်လွှဲ ရောင်းချသင့်တယ်လို့ ပြောထားဖူးပါတယ်။ ဒါ့အပြင် အရင်က အမေရိကန် ထိန်းချုပ်ဖူးတဲ့ ပနားမား တူးမြောင်းကိုလည်း ပနားမား အစိုးရဆီကနေ ပြန်ပြီး လက်လွှဲယူနိုင်ခြေ ရှိတယ် ဆိုတာမျိုး ထရမ့်က မှတ်ချက်ပေးထားပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ ဆိုတာဟာ သမိုင်းကြောင်းမှာ ရှိခဲ့တဲ့ မက္ကဆီကိုမြို့ကို အစွဲပြု မှည့်ခေါ်ထားပြီး ရာစုနှစ် လေးခုလောက် အစဉ်အဆက် သုံးစွဲခဲ့တဲ့ နာမည် ဖြစ်ပါတယ်။ အဲဒီ ပင်လယ်ကွေ့ဟာ အမေရိကန်ရဲ့ အရှေ့တောင်ပိုင်း ပြည်နယ် ၅ ခုနဲ့ ကမ်းရိုးတန်း ထိစပ်နေပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ခုရဲ့ ပိုင်နက်ထဲမှာ အကျုံးဝင်နေတဲ့ ရေပြင်နဲ့ နေရာဒေသတွေကို နာမည် ပြောင်းဖို့က လွယ်ကူနိုင်ပေမယ့်လည်း နိုင်ငံတကာနဲ့ ထိစပ်နေတဲ့ နေရာတွေကို တရားဝင် နာမည်ပြောင်းလဲ သတ်မှတ်ဖို့ ဆိုရာမှာ အခက်အခဲတွေ၊ အငြင်းပွားမှုတွေ အများကြီး ရှိနိုင်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကလည်း မစ္စစ္စပီ ပြည်နယ်ထဲမှာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့အဖြစ် နာမည်ပြောင်းသင့်ကြောင်း ဥပဒေမူကြမ်း တင်သွင်းမှု တစ်ခု ရှိခဲ့ပေမယ့် လှောင်ပြောင်ဝေဖန် ခံရပြီး မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။