Connect with us

Hi, what are you looking for?

သတင်း

ပလမြို့ရဲစခန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၇ရက်)က စစ်ကောင် စီတပ်အထိုင်ချ ပလရဲစခန်းကုန်းအား ပုလော ပကဖ၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad) မှ မြိတ်ခရိုင် PDF တပ်ရင်း(၁)နှင့်ပူးပေါင်း၍ ဒရုန်းဖြင့် (၅)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်များ၏ ဒရုန်းပစ်မှတ်သည် ပလမြို့ရဲစခန်းကုန်း ခြံစည်းရိုးနံဘေးရှိ မိုင်းကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရဲစခန်းပတ်ပတ်လည် မိုင်းကွင်းဧရိယာတလျှောက် မီးများလောင် ကျွမ်းခဲ့ကြောင်း ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပလရဲစခန်းကုန်းရှိ စစ်ကောင်စီတပ်များသည် ဇရပ်ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒုက္ခမျိုးစုံပေးနေကြောင်းလည်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

ပုလော ပကဖသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်းမည်သည့်တော်လှန်ရေးအင်အားစုများနှင့်မဆို ပူး ပေါင်း၍ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန်တော်လှန်တိုက်ခိုက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ပုလောမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိရာ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီ၏ ခလရ(၁၇)တပ်ရင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် တပိုကျေးရွာသို့လာသော စစ်ကြောင်းနှင့် ၁၂ ရက်နေ့တွင် ပါဒစက်တော်ရာ ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ်စခန်းနဲ့ တောင်ယာကမ်းကျေးရွာ ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့က ထုတ်ပြန်ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွမူးယစ်ဆေးဝါး ၅သောင်းကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမနဲ့ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သူ ၄ဦးကို ဖမ်းမိပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။