Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်က စစ်တပ်စခန်း ၂ခု တော်လှန်ရေးပူးပေါင်းတပ် တပြိုင်တည်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ်စခန်းနဲ့ တောင်ယာကမ်းကျေးရွာ ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့က ထုတ်ပြန်ထားပါတယ်။

(ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ် စခန်းတိုက်ပွဲက သိမ်းရတဲ့ ခဲယမ်းတွေ။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

▪️စစ်သား ၆ဦးသေ၊ ခဲယမ်းတွေသိမ်းရ

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ်စခန်းနဲ့ တောင်ယာကမ်းကျေးရွာ ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၇ရက် မနက် ၅နာရီခွဲမှာ DNLAနဲ့ KNLA တပ်မဟာ(၄)အထူးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့တဲ့ တောင်ခေါင်းလောင်းရွာ တိုက်ပွဲဟာ ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စခန်းကို ယာယီသိမ်းနိုင်ခဲ့ကြောင်း DNLAက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ ဗုံးသီး ၁၀လုံးနဲ့ အီနာဂါ ၂လုံး အပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ အသိပေးထားပါတယ်။ စစ်ကောင်စီဘက်က စစ်သား ၃ဦးသေဆုံးပြီး ၃ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်းလည်း ဖော်ပြထားပါတယ်။

တောင်ခေါင်းလောင်းရွာတပ်စခန်းဟာ စစ် ကောင်စီတပ် နဲ့ ပြည်သူ့စစ်အင်အား ၂၇ဦး ရှိတဲ့ စခန်းဖြစ်တယ်လို့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်က စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ သုံးကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု တနာရီခန့်အကြာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီ ရေတပ်ကလည်း လက်နက်ကြီး ၇လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် မနက် ၈နာရီခွဲခန့်မှာ ပူးပေါင်းတပ်က စခန်းကိုစီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၉နာရီခွဲမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်မရှိခဲ့ဟု အသိပေးပါတယ်။

တောင်ခေါင်းလောင်းရွာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲချိန်မှာပဲ တောင်ယာကမ်းကျေးရွာ ကင်းစခန်းကို တပြိုင်တည်း တိုက်ခိုက်ခဲ့ဟု KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တောင်ယာကမ်းရွာတပ်စခန်းကို တိုက်ခိုက်တာဟာ စစ်ကောင်စီကိုအာရုံလွှဲဖို့ ရည်ရွယ်တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က ၃ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ တောင်ယာကမ်းရွာ စခန်းမှာ စစ်ကောင်စီ အင်အား ၄၀ ခန့် တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အဲဒိ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ပွိုင့်ဖိုက် စက်သေနတ် တပ်ဆင်ထားတဲ့ အင်အား(၈)ဦးပါ Vigo ကား တစ်စီး စစ်ကူ ပေးသလို ဒရုန်းနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စခန်း ၂ခုလုံးကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ဟုလည်း အသိပေးထားပါတယ်။

ပုလောမြို့နယ်တိုက်ပွဲ အခြေအနေတွေနဲ့ လက်ရှိ စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ DNLA တပ်ဖွဲ့ထံ ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ အနေနဲ့ တော်လှန်ရေးအောင်မြင်စေဖို့ အခွင့်ရတာနဲ့ စစ်ကောင်စီအဖွဲ့အား အမြဲတမ်းတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာနဲ့ အနီးတဝိုက်မှာနေထိုင်ခြင်းမပြုဖို့ ထပ်မံသတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတချို့ ရဟုဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

Trending

Facebook