Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်မှာ စစ်တပ် လက်နက်ကြီးကြောင့် သားအဖ ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဧပြီ-၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဧပြီ ၇ရက်မနက်က ပုလောမြို့နယ် ပလောက် ကျေးရွာအုပ်စု ပြည်ခြားကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူသေဆုံးမှု နေအိမ်ပျက်စီးမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့အမြောက်တပ် (၂၈၀)တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရ ကျေးရွာအတွင်းက အိမ် ၃လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကြောင့် သေဆုံးသွားသူနှစ်ဦးဟာ သားအဖ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သူတို့က စစ်တပ် လက်နက်ကြီးရန်ကြောင့် နေအိမ်အောက် အကာအကွယ်မှာ ပုန်းခိုနေစဉ် နေအိမ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ရတာလို့ ပြောပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေတွေကိုတော့ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၂၉ရက်ကလည်း တပ်မဟာ(၄)န ယ်မြေ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့လို့ စာသင်ကျောင်းပျက်စီးမှုများ ဖြစ်ခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၄)နယ်မြေ အပါအဝင် KNUခရိုင်တပ်မဟာ အသီးသီးမှာ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook