Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းပစ်ကူပေး ခုခံ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၀ရက်တွင် ဗန်းမော်မြို့နယ်တစ်နေရာကို စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံးသီး ၃၆လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တွင်း၌ နှစ်ဖက်တပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်မှု ဆက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုက ရိုးရာထုံးစံအတိုင်းပေါ့ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်။ ပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ မြို့တွင်းထဲမှာတော့ နေ့စဉ်ဆိုသလိုပါပဲ သူတို့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာပါ”ဟု ကချင်သတင်းရင်းမြစ်က ဇန်နဝါရီ ၂၀ရက် စစ်ရေး အခြေအနေကို ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲ အခြေအနေများကို ကချင်စစ်ရေးသတင်းရင်းမြစ်များထံ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗန်းမော်မြို့တိုက်ပွဲသည် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှု ရက်အကြာဆုံးဖြစ်ပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ သံချပ်ကာ၊လက်နက်ကြီးတို့ဖြင့် အပြင်းအထန် ခုခံကာကွယ်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲပြင်းထန်ခြင်းနှင့်အတူ နှစ်ဖက်ထိခိုက်ကျဆုံး များပြားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

“KIA ဘက်ကနေတော့ မရရအောင် တိုက်ခိုက်သိမ်းယူမယ်လို့ အဲဒီလို ယူမြင်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရပေါ့။ သူရဲ့ နယ်မြေစိုးမိုးမှုအရရော ပထဝီဝင် စစ်ရေးအရရော ဒီဗန်းမော်က အရေးကြီးတဲ့ တည်နေရာဖြစ်တဲ့အတွက် မရမက တိုက်ခိုက်သိမ်းယူလိမ့်မယ်လို့ ရှုမြင်ပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်ကောင်စီအနေဖြင့်လည်း ကချင်ပြည်အထက်ပိုင်းအတွက် ရေကြောင်း ကုန်းကြောင်းမှ ထောက်ပို့နိုင်ရေး အချက်အခြာကျသည့်နေရာဖြစ်၍ အပြင်းအထန် ခုခံမည်ဖြစ်၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဟုလည်း ၎င်းက သုံးသပ်သည်။

KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့ခြင်းဖြစ်သည်။

ဗန်းမော်နှင့်အတူ မံစီမြို့ရှိ လက်ကျန်တပ်စခန်းများကိုပါတပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲတစ်လကျော်အကြာ ယခု ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂) တပ်ရင်းများကို KIAက အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။