Connect with us

Hi, what are you looking for?

News

စဉ့်ကိုင်မှာ PDF လို့ဆိုပြီး အမျိုးသား ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

င်မြို့ပေါ်ရှိ မြို့သစ်ရပ်ကွက် ၊ တရုတ်စုရပ်ကွက် ကြက်မျှားကျေးရွာတို့မှ အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း အတွင်းက စဉ့်ကိုင်မြို့ မှာ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေခဲ့ကြပြီး အမျိုးသား ၅ ဦးကို PDF လို့ ဆိုကာ မနေ့ကအောက်တိုဘာ ၂၉ ရက်မှာဖမ်းဆီးသွားတယ်လို့သိရပါတယ်။

စဉ့်ကိုင်မြို့ပေါ်ရှိ မြို့သစ်ရပ်ကွက် ၊ တရုတ်စုရပ်ကွက် ကြက်မျှားကျေးရွာတို့မှ အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။

” မနေ့ကတော့ ရပ်ကွက်တွေထဲက အိမ်တွေကိုလိုက်စစ်တာလုပ်တယ်။ PDFတွေသတင်းရတယ်ဆိုပြီး စစ်ကြတာ။ ကြားရသလောက်က လက်နက်တွေမိတာလို့တော့မကြားဘူး။ကြက်မျှားဘက်ကတစ်ယောက်တော့ ဓားမိတယ်လို့ပြောတယ်”လို့ စဉ့်ကိုင်မြို့ပေါ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရသူများရဲ့ မိသားစုဝင်များကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ အဲဒီအမျိုးသားငါးဦးကို စဉ့်ကိုင်ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook