Connect with us

Hi, what are you looking for?

News

ဘားအံကရွာတွေမှာ စစ်တပ်ထောက်ခံပွဲအတွက် အုပ်ကြီးတွေနည်းမျိုးစုံနဲ့ လူစုဆောင်း

ဘားအံမြို့အနီး ဇွဲကပင်တောင်ခြေ တော်ပုံရွာ စာသင်ကျောင်းအနီးက ကွင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီထောက်ခံပွဲမှာ လုံခြုံရေးအထူးတင်းကြပ် ချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာ စစ်တပ်ထောက်ခံပွဲအတွက် ရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို အစည်းအဝးဆိုပြီး လိမ်ညာခေါ်ဆောင်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့လည်း ကျေးရွာတစ်ရွာ လူအင်အားအယောက် ၄၀ မဖြစ်မနေ တက်ရောက်ထောက်ခံရတယ်လို့လည်းသိရပါတယ်။

ဘားအံမြို့အနီး ဇွဲကပင်တောင်ခြေ တော်ပုံရွာ စာသင်ကျောင်းအနီးက ကွင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီထောက်ခံပွဲမှာ လုံခြုံရေးအထူးတင်းကြပ် ချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံ-ဒုံရင်းလမ်းမပေါ်က တောင်စွန်းဘုန်းကြီးကျောင်းအနီးတစ်နေရာ၊ မွန့်စရီးရွာအဝင်နားတစ်နေရာ၊ တော်ပုံရွာလမ်းဆုံတစ်နေရာနဲ့ တော်ပုံရွာအဝင်၀ တစ်နေရာ စုစုပေါင်း နေရာ ၄ နေရာမှာ စစ်ကောင်စီတပ်၊ ရဲ၊ မော်တော်ပီကယ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အင်အား ၅၀ ခန့်နဲ့ လုံခြုံရေးယူထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီမနက်က တပ်ကမိသားစုတွေ တပ်ထဲကနေ အုံလိုက်ကျင်းလိုက် ထွက်လာကြတာ။ ထောက်ခံပွဲသွားဖို့အတွက်ပေါ့။ နောက်ပြီး ထောက်ခံပွဲလာတဲ့လူတွေဟာ နယ်ခံတွေသိပ်မပါဘူး။ စစ်တပ်မိသားစုတွေနဲ့ နေ့စားသမားပုံစံတွေပဲ။ တော်ပုံနားတစ်ဝိုက်နဲ့ မွန့်စရီးရွာထိပ်မှာ စစ်သားတွေရော ရဲရော ဘီဂျီအက်ရောတွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကို ရွာခံတွေအများစုက မလာရောက်ကြပဲ ထောက်ခံပွဲ လာရောက်ကြသူတွေအများစုက စစ်တပ်မိသားစုနဲ့ အသိုင်းအဝိုင်းတွေကဖြစ်ပြီး စစ်မှုထမ်းဟောင်းတွေပါဝင်သလို ရွာထဲက သက်ကြီးရွယ်အိုတွေ လာရောက်ခဲ့ကြတာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကို သွားရောက်ဖို့အတွက် ရွာအုပ်ချုပ်ရေးမှူးတွေက ရွာသူရွာသားတွေကို အစည်းအဝေးရှိတယ်ဆိုပြီး လိမ်ညာခေါ်ဆောင်သွားခဲ့တဲ့အပြင် တချို့ရွာသားတွေကိုတော့ နေ့စားအဖြစ် ငွေကျပ် ၅၀၀၀ ပေးဆောင်စည်းရုံး ခေါ်ဆောင်သွားတာတွေလည်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါသေးတယ်။

“ရွာက ဦးကြီးဒေါ်ကြီးတွေလည်း ဒုက္ခပါပဲ။ သူတို့မှာလဲ တချို့ကဘာမှမသိ။ တချို့ကတော့ မှိုင်းမိ။ ပိုက်ဆံရရင်ပြီးရော လိုက်ကြရတယ်။ တစ်ရွာကို အယောက် ၄၀ တဲ့။ တစ်ယောက်ကို ၅၀၀၀ ရတယ်ပြောတယ်။ ရွာငယ်တဲ့ကျေးရွာတွေကို အတင်းသွားခိုင်းတာ”လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲကျင်းပပြုလုပ်တာဟာ ကရင်ပြည်နယ် မဘသဆရာတော်တစ်ပါးဖြစ်တဲ့ ဇွဲကပင်ဆရာတော်ဦးဆောင်ခွင့်ပြုမှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်တုန်းကလည်း အမျိုးသားရေးထောက်ခံပွဲတွေ အစဉ်အဆက် ကျင်းပပြုလုပ်ထောက်ခံခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။