Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံကရွာတွေမှာ စစ်တပ်ထောက်ခံပွဲအတွက် အုပ်ကြီးတွေနည်းမျိုးစုံနဲ့ လူစုဆောင်း

ဘားအံမြို့အနီး ဇွဲကပင်တောင်ခြေ တော်ပုံရွာ စာသင်ကျောင်းအနီးက ကွင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီထောက်ခံပွဲမှာ လုံခြုံရေးအထူးတင်းကြပ် ချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာ စစ်တပ်ထောက်ခံပွဲအတွက် ရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို အစည်းအဝးဆိုပြီး လိမ်ညာခေါ်ဆောင်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့လည်း ကျေးရွာတစ်ရွာ လူအင်အားအယောက် ၄၀ မဖြစ်မနေ တက်ရောက်ထောက်ခံရတယ်လို့လည်းသိရပါတယ်။

ဘားအံမြို့အနီး ဇွဲကပင်တောင်ခြေ တော်ပုံရွာ စာသင်ကျောင်းအနီးက ကွင်းပြင်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ပြီး အဲ့ဒီထောက်ခံပွဲမှာ လုံခြုံရေးအထူးတင်းကြပ် ချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံ-ဒုံရင်းလမ်းမပေါ်က တောင်စွန်းဘုန်းကြီးကျောင်းအနီးတစ်နေရာ၊ မွန့်စရီးရွာအဝင်နားတစ်နေရာ၊ တော်ပုံရွာလမ်းဆုံတစ်နေရာနဲ့ တော်ပုံရွာအဝင်၀ တစ်နေရာ စုစုပေါင်း နေရာ ၄ နေရာမှာ စစ်ကောင်စီတပ်၊ ရဲ၊ မော်တော်ပီကယ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အင်အား ၅၀ ခန့်နဲ့ လုံခြုံရေးယူထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီမနက်က တပ်ကမိသားစုတွေ တပ်ထဲကနေ အုံလိုက်ကျင်းလိုက် ထွက်လာကြတာ။ ထောက်ခံပွဲသွားဖို့အတွက်ပေါ့။ နောက်ပြီး ထောက်ခံပွဲလာတဲ့လူတွေဟာ နယ်ခံတွေသိပ်မပါဘူး။ စစ်တပ်မိသားစုတွေနဲ့ နေ့စားသမားပုံစံတွေပဲ။ တော်ပုံနားတစ်ဝိုက်နဲ့ မွန့်စရီးရွာထိပ်မှာ စစ်သားတွေရော ရဲရော ဘီဂျီအက်ရောတွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကို ရွာခံတွေအများစုက မလာရောက်ကြပဲ ထောက်ခံပွဲ လာရောက်ကြသူတွေအများစုက စစ်တပ်မိသားစုနဲ့ အသိုင်းအဝိုင်းတွေကဖြစ်ပြီး စစ်မှုထမ်းဟောင်းတွေပါဝင်သလို ရွာထဲက သက်ကြီးရွယ်အိုတွေ လာရောက်ခဲ့ကြတာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲကို သွားရောက်ဖို့အတွက် ရွာအုပ်ချုပ်ရေးမှူးတွေက ရွာသူရွာသားတွေကို အစည်းအဝေးရှိတယ်ဆိုပြီး လိမ်ညာခေါ်ဆောင်သွားခဲ့တဲ့အပြင် တချို့ရွာသားတွေကိုတော့ နေ့စားအဖြစ် ငွေကျပ် ၅၀၀၀ ပေးဆောင်စည်းရုံး ခေါ်ဆောင်သွားတာတွေလည်းရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါသေးတယ်။

“ရွာက ဦးကြီးဒေါ်ကြီးတွေလည်း ဒုက္ခပါပဲ။ သူတို့မှာလဲ တချို့ကဘာမှမသိ။ တချို့ကတော့ မှိုင်းမိ။ ပိုက်ဆံရရင်ပြီးရော လိုက်ကြရတယ်။ တစ်ရွာကို အယောက် ၄၀ တဲ့။ တစ်ယောက်ကို ၅၀၀၀ ရတယ်ပြောတယ်။ ရွာငယ်တဲ့ကျေးရွာတွေကို အတင်းသွားခိုင်းတာ”လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲကျင်းပပြုလုပ်တာဟာ ကရင်ပြည်နယ် မဘသဆရာတော်တစ်ပါးဖြစ်တဲ့ ဇွဲကပင်ဆရာတော်ဦးဆောင်ခွင့်ပြုမှုနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်တုန်းကလည်း အမျိုးသားရေးထောက်ခံပွဲတွေ အစဉ်အဆက် ကျင်းပပြုလုပ်ထောက်ခံခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။