Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

မဟာဗျူဟာ ခရုစ် ဒုံးကျည်တွေကို လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။

မဟာဗျူဟာ ခရုစ် ဒုံးကျည်တွေကို လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့မှာ မြောက်ကိုရီးယား အစိုးရ မီဒီယာက ခရုစ်ဒုံးကျည် စမ်းသပ်မှု သတင်းကို ထုတ်ပြန်ခဲ့ပြီး အရေးပါတဲ့ လက်နက်စနစ် တစ်ခုရဲ့ စွမ်းဆောင်ရည်အပေါ် နိုင်ငံခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်ကိုယ်တိုင် စောင့်ကြည့်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

ရေအောက်ကနေ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ အဲဒီဒုံးကျည်တွေ စမ်းသပ်မှုကို ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အဲဒီ စက္ကန့်ပေါင်း ၇၅၀၀ ကျော်အတွင်းမှာတင် ကီလိုမီတာ ၁၅၀၀ ထိ ခရီးပေါက်အောင် ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စမ်းသပ် ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ ပစ်မှတ် အသီးသီးကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း၊ လက်နက် စမ်းသပ်မှုမှာ ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်နှောင့်ယှက်တာမျိုး မရှိခဲ့ကြောင်း KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က အခုလို ထူးကဲ အစွမ်းထက်တဲ့ စစ်လက်နက်တွေကို ပိုင်ဆိုင်ထားခြင်းဟာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေး စွမ်းရည်ကို ပိုမို ထိရောက် ပြည့်စုံစေတယ်လို့ ချီးကျူးခဲ့တယ်လို့လည်း KCNA သတင်းမှာ ပါရှိခဲ့ပါတယ်။

တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေကို သိရှိပြီး စောင့်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားက အခုလို လက်နက် စမ်းသပ်ခဲ့တာပါ။

ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အနေနဲ့ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ ခိုင်မာမှုကို အသိအမှတ် မပြုဘူးဆိုရင် ပိုမို ထိရောက် ပြင်းထန်တဲ့ တန်ပြန်ရေး မူဝါဒတွေကို မြောက်ကိုရီးယားက ကျင့်သုံးသွားမယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

Facebook