Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ လေးဦးထက်မနည်း သေဆုံးပြီး လက်နက်သုံးလက် သိမ်းရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - Cross Myg /FB)

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ လေးဦးထက်မနည်း သေဆုံးပြီး လက်နက်သုံးလက် သိမ်းရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ယနေ့(ဇန်ဝါရီ ၂၈ရက်)နံ နက်၁၁ နာရီခန့်တွင် မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ထွက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးအား သတင်းအရ သွားရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်မှ MA-1 သေနတ်တစ်လက်နှင့် ကျည်များသိမ်းဆည်းရရှိကာ မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့တို့က ပူးပါင်းဆောင်ရွက်ခဲ့ခြင်းဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သားများသည် လင်းကတောကျေးရွာအတွင်း မိုင်းထောင်၍ ပြည်သူများ၏ ပစ္စည်းများခိုးယူ‌နေ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။

“လင်းကတောရွာ ရဲစခန်းက စကစ အင်အား ၄၀ကျော်လောက်နဲ့ တပ်စွဲထားတာ။ကတုတ်ကျင်း နဲ့သေချာအထိုင်ချထားတဲ့ စခန်းတစ်ခုပဲ။ရံဖန်ရံခါတော့ ရွာပြင်ထွက်ပြီးရွာနီးစပ်ချုပ်မှာ ရိက္ခာရှာကြတယ်”ဟု မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယနေ့ လင်းကတောရဲစခန်းတိုက်ခိုက်မှုအတွင်း သေနတ် ၂လက် သိမ်းဆည်းရရှိပြီးတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပကဖ အမှတ်(၁) တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ ၊ မြိုင်ပကဖ – မြောက်ပိုင်းဇုန် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်မှု ဖြစ်စဥ်များနှင့်ပတ်သက်ပြိး မြိုင်ပကဖနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ထို့အပြင် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည််မပြုနိုင်ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။