Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ၄ နှစ်ပြည့် ကျဆုံးရဲဘော်များ၏ မိဘများအား ထောက်ပံ့ငွေနှင့်အတူ ကန် တော့တောင်းပန်

စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်ပြည့်တွင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး တိုက် ပွဲခဲ့စဥ် ကျဆုံးခဲ့ရသော အာဇာနည်သူရဲ ကောင်းရဲဘော်များအား အောက်မေ့သတိရလျှက် ရဲဘော်များ၏ မိဘများထံသွားရောက် ၍ ထောက်ပံ့ငွေနှင့်အတူ ကန်တော့တောင်း ပန်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်မိုက်ကယ်က လူထုနွေဦးသို့ ပြော သည်။

ကျဆုံးရဲဘော်မိဘများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကန်တော့ တောင်းပန်ခဲ့သည့် ပခုက္ကူခရိုင် တပ်ရင်း ၁၉ မှရဲဘော်များ။ ဓာတ်ပုံ - တပ်ရင်း ၁၉

ကျော်ဇော/People’s Spring

စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်ပြည့်တွင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး တိုက် ပွဲခဲ့စဥ် ကျဆုံးခဲ့ရသော အာဇာနည်သူရဲ ကောင်းရဲဘော်များအား အောက်မေ့သတိရလျှက် ရဲဘော်များ၏ မိဘများထံသွားရောက် ၍ ထောက်ပံ့ငွေနှင့်အတူ ကန်တော့တောင်း ပန်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်မိုက်ကယ်က လူထုနွေဦးသို့ ပြော သည်။

ပြည်သူ့ထောက်ပံ့ငွေများနှင့်အတူ မိဘများအား သွားရောက်ကန်တော့ခြင်းနှင့် တောင်း ပန်ခြင်းကို တပ်ရင်း (၁၉) ၏ကွပ်ကဲမှုအောက်မှ တပ်ခွဲ ၃ ခု၏ ကျဆုံးရဲဘော် ၁၃ ဦး ၏ မိ ဘများအား ရဲဘော်တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းဆီ ၎င်းတို့၏မိဘများထံ တပ်ရင်းတာ ဝန်ရှိသူများက သွားရောက်ကန်တော့ခြင်းဟုရဲဘော်မိုက်ကယ်က ပြောသည်။

“ထောက်ပံ့ငွေက ကျဆုံးရဲဘော်တစ်ဦးဆီရဲ့ မိဘတွေကို ငွေကျပ်နှစ်သိန်းမျှသာ ကန်တော့နိုင်ခဲ့တာပါဗျ။ ဒါကလည်း ပြည်သူတွေဆီရတဲ့ ထောက်ပံ့ငွေတစ်ချို့ စုဆောင်းမိလို့ ကန် တော့ဖြစ်လိုက်တာပါခင်ဗျာ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

တပ်ရင်းအနေဖြင့် ကျဆုံးရဲဘော်များ၏ မိဘများအား ကန်တော့ရာတွင် နယ်မြေအခြေအနေများအရ တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေအတွင်းရှိသော မိဘများကို ကိုယ်တိုင်ကိုယ်ကျ လက်အုပ်ချီကန်တော့နိုင်ခဲ့ပြီး သွားလာရေးမလွယ်ကူသည့် ဒေသရှိ မိဘများအား အခြားနည်းဖြင့်ဆက်သွယ်ကန် တော့ရခြင်းဖြစ်ကြောင်း ရဲဘော်မိုက်ကယ်က ရှင်းပြသည်။

ထို့အပြင် တပ်ရင်းအနေနှင့် ကျဆုံးရဲဘော်များ၏ မိဘ၊ ကျန်ရစ်သူမိသားစုများအား ထောက်ပံ့မှုပုံမှန်မလုပ်နိုင်သော်လည်း အလျဥ်းသင့်သလို ကြည့်ရှု့စောင့်ရှောက်လျှက် ထောက်ပံ့ကူညီမှုများလည်း တတ်နိုင်သမျှ လုပ်ဆောင်ပေးလျှက်ရှိကြောင်း တပ်ရင်း ၁၉ က အသိပေးသည်။

“စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေးမှာ ပါဝင်ကူညီကြရင်း အသက်ပေးခဲ့ရသော အာဇာနည်များကို အလေးပြုလျက် မိဘများကို ဦးချကန်တော့အပ်ပါသည်”ဟု တပ်ရင်း ၁၉ က ထုတ်ပြန်ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ပခုက္ကူခရိုင် တပ်ရင်း( ၁၉)တဖြစ်လဲ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ တွင် ဘာမထီ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် ဗိုလ်မထားတပ်ခွဲ(၃)ဟူ တပ်ခွဲသုံးခု သတ်မှတ်ဖွဲ့ စည်းထားသည်။

Spring Revolution Database – SRD ၏မှတ် တမ်းများအရ စစ်အုပ်စုအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ၂၀၂၅ ဇန်နဝါရီလ ၁၈ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အရပ်သားပြည်သူ ၁၀,၅၉၆ ဦးအသက်ဆုံးရှုံးခဲ့ရပြီး တော်လှန် ရေးအင်အားစုများမှ ၅,၀၀၅ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။