Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် စခန်းစွန့်ထွက်​ပြေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်​ပြေးသွားကြောင်း Earthquake People’s Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးရဲဘော်များကိုတွေ့ရစဥ် ဓာတ်ပုံ-Earthquake People's Defence Force

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်​ပြေးသွားကြောင်း Earthquake People’s Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကစ၍ ပွင့်ဖြူမြို့နှင့် မိုင် ၂၀ ခန့် အကွာရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ရဲနှင့်စစ်သားများထိခိုက်မှုရှိပြီး စခန်းအား ယာယီစွန့်ခွာသွားသည်ဟု ဆိုသည်။

“ယာယီ စခန်းစွန့်တာမျိုးတော့ဖြစ်နိုင်တယ်။ မဲဇလီက ရဲနဲ့စကစ တပ်သား ၃၀ နဲ့ ၅၀ ဝန်းကျင်ရှိတယ်။ နောက်ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုပါ ဖြတ်တောက်တိုက်ခိုက်ခဲ့တာ စကစ ၂၀ ဝန်းကျင်လောက်ထိခိုက်နိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ရက်တွင် မဲဇလီစခန်းကို စစ်ကူ ပေးလာသော စစ်ကောင်စီစစ်ကြောင်းကိုလည်း ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီးတွင် ပူးပေါင်းတပ်ဖွဲ့က ကြားထြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုတွင်ထိခိုက်မှုများသည့် စစ်ကောင်စီက မဲဇလီကျေးရွာဝန်းကျင်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ နှင့် မဒဲကုန်းရွာကို မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအင်အား ၃၀ ခန့်ရှိသည့် မင်းဘူးမြို့နယ်၊ လက်ပတောစခန်းကို ဖေဖော်ဝါရီ ၁ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုတွင် လက်ပတောကျေးရွာဝန်းကျင်ရှိ ကျေးရွာများကို လက်နက် ကြီးများ ရမ်းသမ်းပစ်ခက်ခြင်း၊ ပါရာမော်တာဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းနှင့် ပတ်ဝန်းကျင်ရွာများရှိ အများပြည်သူနေအိမ်များကို မီးရှို့ခြင်းများကိုစစ်ကောင်စီက တန်ပြန်ဆောင်ရွ​က်ခဲ့ကြောင်းအထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစခန်းများတိုက်ခိုက်မှုများကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ မင်းဘူးခရိုင်တပ်ရင်း ၆၊ တပ်ရင်း ၄ ၊ JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) ၊ Young Force People Defence Force(PKU) ၊ စေတုတ္တရာ ပအဖ နှင့် Earthquake People’s Defence Force တို့ပူးပေါင်းခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။