Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံရ

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women’s Organization of Political Prisoners)က ထုတ်ပြန်ပါတယ်။

ဆိုင်းမင်း/People’s Spring

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒိုက်ဦးအကျဉ်းထောင် မှာ နိုင်ငံရေး အကျဉ်းသူ ၁၃ ဦး တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ (Women’s Organization of Political Prisoners)က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့လာတဲ့ ထောင်အရာရှိ ဦးစီးမှုး အမျိုးသမီးကို ပြန်ခံပြောတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ နိုင်ကျဉ်းသူ ၁၃ ဦးကို ဇန်နဝါရီလ ၂၄ ရက်ကနေ မနေ့ ဖေဖော်ဝါရီလ ၈ ရက်အထိ နှစ်ပတ်ကြာ တိုက်ပိတ်ထားတာလို့သိရပါတယ်။

” လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး နိုင်ငံရေးအကျဥ်းသူတွေကို ဖိနှိပ်လာတာ အာဏာသိမ်းကတည်းကပါ” လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ရဲ့ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ဝန်ထမ်းတွေအပေါ် မချေမငံပြောတယ်ဆိုတဲ့ အကြောင်းချက်နဲ့ တိုက်ပိတ်တာက ဆိုးရွာတဲ့ ဖိနှိပ်မှုဖြစ်ပြီးထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်မှာဖြစ်ပြီး ကူညီနိုင်မယ့် ဘယ်နည်းလမ်းနဲ့မဆို ကူညီသွားမယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ က အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကဆိုရင် ဒိုက်ဦးထောင်မှာ ကျွေးတဲ့ ထမင်းအလွန်ကြမ်းတာကြောင့် နိုင်ငံရေးအကျဥ်းသူအချို့ အစာအိမ်အောင့်တဲ့ဝေဒနာ ခံစားခဲ့ရပါတယ်။

ဒါပေမယ့် ထောင်အာဏာပိုင်တွေဟာ ဆေးဝါးပေးဖို့ မျက်ကွယ်ပြုခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ၁၅ရက်ကလည်း ဒိုက်ဦးထောင်ကို ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဥ်းသူတွေရဲ့ အသုံးအဆောင်ပစ္စည်းနဲ့ အစားအသောက်တွေကို ထောင်ဘက်က သိမ်းဆည်းခဲ့တာကြောင့် တောင်းဆိုရာကနေ နိုင်ငံရေးအကျဥ်းသူ ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာရရှိကာ ၃၀ ကျော်တိုက်ပိတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်း‌ဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။

သတင်း

ဒိုက်ဦးအကျဥ်းထောင်နဲ့ ပေါင်းတည်အကျဥ်းထောင်တွေမှာ အကျဥ်းသားတွေက စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ဒိုက်ဦးထောင်မှာထောင်တွင်းဆေးဝါးမလုံလောက်တာကြောင့် ကျန်းမာရေးမကောင်းတဲ့အကျဉ်းသားတွေအတွက်ပြင်ပကနေ ပေးပို့လာတဲ့ ဆေးဝါးတွေကို ထောင်အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်တာလုပ် ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။