Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးထောင်မှာမိသားစုကပေးပို့တဲ့ဆေးဝါးတွေကန့်သတ်သိမ်းဆည်းခံရ

ပဲခူးတိုင်း၊ဒိုက်ဦးထောင်မှာထောင်တွင်းဆေးဝါးမလုံလောက်တာကြောင့် ကျန်းမာရေးမကောင်းတဲ့အကျဉ်းသားတွေအတွက်ပြင်ပကနေ ပေးပို့လာတဲ့ ဆေးဝါးတွေကို ထောင်အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်တာလုပ် ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ဒိုက်ဦးထောင်ကိုတွေ့ရပုံ ( ဓာတ်ပုံ - Google Map)

ဒီဇင်ဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း၊ဒိုက်ဦးထောင်မှာထောင်တွင်းဆေးဝါးမလုံလောက်တာကြောင့် ကျန်းမာရေးမကောင်းတဲ့အကျဉ်းသားတွေအတွက်ပြင်ပကနေ ပေးပို့လာတဲ့ ဆေးဝါးတွေကို ထောင်အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်တာလုပ် ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

နှလုံး ၊ ကျောက်ကပ် ၊ ကင်ဆာ နဲ့ သွေးတိုး တို့လို့ ရောဂါဝေဒနာ ခံစားနေရတဲ့ အကျဉ်းသားတွေဆီ မိသားစုက ပေးပို့တဲ့ဆေးဝါးတွေကို စိစစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ကန့်သတ်သိမ်းဆည်းတာတွေပြုလုပ်နေတာပါ။

“အခုကပိုပြီးဆိုးဝါးလာတယ်၊ ထောင်ကိုပို့တဲ့ဆေးဝါးတွေကို ကန့်သတ်တာ၊ပိတ်ပင်တာ၊အချိန်ဆွဲတာ၊ဆေးဝါးတွေကို အကျဉ်းသားတွေလက်ထဲအပြည့်အဝမထည့်ပေးတာ ၊အကျဉ်းတွေရဲ့ ထောင်တွင်းအသက်ရှင်ရပ်တည်ရေးကိုအနှောက်အယှက်ပြုတဲ့လုပ်ရပ်လို့မြင်ပါတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုကန့်သတ်ပိတ်ပင်မှုဟာဒိုက်ဦးထောင်မှာ ထောင်ပိုင်အပြောင်းအလဲပြုလုပ်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေအတွင်း စတင်ခဲ့တာပါ။

ထောင်မှာဆေးဝါးမလုံလောက်တဲ့အတွက်ထောင်ခွင့်ပြုချက်နဲ့ မိသားစုက ပေးပို့တင်သွင်းထားတဲ့ဆေးဝါးတွေကိုလည်း ထောင်ပစ္စည်းမဟုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းခံရနေတယ်လို့သိရပါတယ်။

လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရဖို့ တောင်းဆိုတဲ့အခါမှာ တော့ တင်ပြသူတွေကို ရိုက်နှက်တာတွေ ရှိနေတယ်လို့ PPNM ထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၀နီးပါးရှိခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က လည်း အခုလ ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။