ဧပြီ-၁၊၂၀၂၆။သတိုး/People’s Spring
စစ်ကောင်စီက မတရားပြစ်ဒဏ် (၈)နှစ်ကျော် ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း ကိုဂျိမ်း (ခ)လင်းထက်နိုင် ပြန်လည်လွတ်မြောက်လာတယ်လို့ သူရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က အသိပေးထားပါတယ်။
“ဂျိမ်း ဒီနေ့ လွတ် လာပါပြီ”လို့ မဖြိုးဖြိုးအောင်က ဒီနေ့ (ဧပြီ ၁)မှာ ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ မျှဝေထားတာပါ။
စစ်တပ်က ကိုဂျိမ်း ကို ၂၀၂၂ ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့မှာဖမ်းဆီးခဲ့ပြီး အဲဒီ့နှစ်ဒီဇင်ဘာ ၇ ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ်ချခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ၂၀၂၃ ဖေဖော်ဝါရီမှာ ဗိုလ်တထောင်တရားရုံးက ပုဒ်မ ၅၂-ခ နဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး ၅၀-ည နဲ့လည်းအမှုဆက်လက်ရင်ဆိုင်နေရသူပါ။


















































