Connect with us

Hi, what are you looking for?

News

အလုပ်သမားများအားနည်းလမ်းမျိုးစုံ ဖိနှိပ်နေသည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟု NUGသတိပေး

နွေဦးတော်လှန်ရေးတွင် အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေ စီစနစ် ဖေါ်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းရာတွင် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားထု၏ စွမ်းအားမှာ အင်အားကြီးမားပြီး အရေးပါသော ဒေါက်တိုင်တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

(မြန်မာ့မီးရထားဝန်ထမ်းလုပ်သားများ ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီလက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

နွေဦးတော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပအလုပ်သမားထုအား အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုလုပ်နေသော လုပ်ငန်းရှင်များကို အရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် အလုပ်သမားများကို ဖိနှိပ်နေသည့် လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ၏ လက်ကိုင်တုတ် ဝန်ထမ်းဆိုးများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထာသည်။

၎င်းတို့ အနေဖြင့် အလုပ်သမားထုအား ဖိနှိပ်သည့် လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်၊ ကျူးလွန်ဆဲနှင့် ကျူးလွန်ပြီး ဖိနှိပ်မှုများ အတွက် လက်တလောကာလတွင်လည်း ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် အရေးယူမည်ဖြစ်ပြီး မှတ်တမ်းများထားရှိကာ နောင်တချိန်တွင် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

အလုပ်သမားများအပေါ် အလုပ်ရှင်အများစု ကျူးလွန်နေသော ဖိနှိပ်မှုနှင့် အခွင့်အရေးချိုးဖောက်မှု အများစုမှာ နွေဦးတော်လှန်ရေးတွင်ပါဝင်သော အလုပ်သမားများအား ဖိအားပေးပြီး အလုပ်မှထွက်စေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးခြင်း၊အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား ဖမ်းဆီးစေခြင်း စသည့်တို့ ဖြစ်သည်ဟု အလုပ်သမားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးတွင် အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေ စီစနစ် ဖေါ်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းရာတွင် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားထု၏ စွမ်းအားမှာ အင်အားကြီးမားပြီး အရေးပါသော ဒေါက်တိုင်တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ပါဝင်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီသည် အလုပ်သမားခေါင်းဆောင်များအား သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ခြင်း၊ တရားစွဲဆို အကျဥ်းချထားခြင်းများပြုလုပ်ခဲ့သဖြင့် အလုပ်သမားအများအပြား၏ အသက်၊ ခန္ဓာ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မိသားစုဘဝများပါ ထိခိုက်ခဲ့ရသည်ဟု ဆိုသည်။

သို့သော် အလုပ်သမားထုကြီးသည် စိတ်ဓာတ်မပြိုလဲဘဲ နွေဦး‌တော်လှန်ရေးတွင် တပ်ဦးမှ ဆက်လက်ပါဝင်နေဆဲ ဖြစ်၍ အလုပ်သမားထုကြီးကို လေးနက်စွာ ဂုဏ်ယူအသိအမှတ်ပြုကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။