Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သံမဏိနဲ့ အလျူမီနီယမ် သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ အမိန့်ကို ထရမ့် အတည်ပြု

အမေရိကန်ဆီ တင်သွင်းတဲ့ သံမဏိနဲ့ အလျူမီနီယမ် အားလုံးအပေါ် အခွန်စည်းကြပ်မှုကို ထရမ့်က ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ အမိန့်ထုတ်လိုက်ပါတယ်။

အမေရိကန်ဆီ တင်သွင်းတဲ့ သံမဏိနဲ့ အလျူမီနီယမ် အားလုံးအပေါ် အခွန်စည်းကြပ်မှုကို ထရမ့်က ၂၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရေးထိုးခဲ့တဲ့ အမိန့်သစ်ဟာ အမေရိကန်ဆီ အဲဒီ ကုန်စည်တွေ တင်သွင်းတဲ့ နိုင်ငံအားလုံးကို သက်ရောက်မှု ရှိစေမှာ ဖြစ်သလို ခြွင်းချက်တွေ၊ လိုက်လျောမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန်ဟာ သံမဏိ သွင်းကုန်တွေကို ကနေဒါ၊ ဘရာဇီးနဲ့ မက္ကဆီကိုတို့ကနေ အဓိက ရရှိနေတဲ့တိုင် ထရမ့်ရဲ့ အမိန့်ဟာ ခါးသီးပြိုင်ဘက် တရုတ်ကို သွယ်ဝိုက် ထိုးနှက်ဖို့ ရည်ရွယ်ထားဟန် ရှိပါတယ်။

သူ့ရဲ့ အမိန့်ဟာ အရေးကြီးတဲ့ အရွေ့တစ်ခုဖြစ်ပြီး အမေရိကန်ကို တကျော့ပြန် ကြွယ်ဝလာစေမယ်လို့ ထရမ့်က ပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သံမဏိ ထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်ဆီကနေ သံမဏိ တိုက်ရိုက်တင်သွင်းမှု အရမ်းနည်းပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းကလည်း သံမဏိ တင်သွင်းမှုကို အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်ခဲ့ပြီး သူ့ကို ဆက်ခံတဲ့ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ဆက်လက် ကျင့်သုံးခဲ့တဲ့ မူဝါဒအရ တရုတ်ဆီက သံမဏိ ဝယ်ယူတဲ့ နိုင်ငံတွေဟာ တခြား ရင်းမြစ်တွေဆီ ပြောင်းလဲ မှာယူကုန်ပြီး တရုတ်ကို ထိခိုက်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း တရုတ်ကနေ ကြားနိုင်ငံတွေက ဝယ်ယူပြီး အမေရိကန်ဆီ တစ်ဆင့်တင်ပို့တဲ့ သံမဏိတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ စက်မှုကုန်ထုတ် လုပ်ငန်းကို ဦးစားပေးတဲ့ စီးပွားရေး လည်ပတ်မှုမျိုး မဟုတ်တော့ပေမယ့်လည်း နှစ်စဉ် သံမဏိနဲ့ အလျူမီနီယမ် တန်ချိန် သန်းပေါင်း ဆယ်ဂဏန်းတွေနဲ့ချီ လိုအပ်နေဆဲ ဖြစ်ပါတယ်။

သံမဏိဟာ မော်တော်ကားတွေနဲ့ တခြား လူသုံးကုန်တွေ တည်ဆောက်မှုကစလို့ အကြီးစား အခြေခံ အဆောက်အအုံ ပရောဂျက်ကြီးတွေ၊ မိုးမျှော်တိုက်တွေ၊ ရေနံတူးစင်တွေ၊ ပိုက်လိုင်းကြီးတွေ၊ တံတားတွေ တည်ဆောက်မှုမှာ မဖြစ်မနေ လိုအပ်တဲ့ ကုန်ကြမ်း ဖြစ်ပါတယ်။ အလျူမီနီယမ်ကတော့ စည်သွပ်ဘူးတွေ၊ အဖျော်ယမကာဘူးတွေကစလို့ ခရီးသည်တင် လေယာဉ်ကြီးတွေ တည်ဆောက်မှု၊ ဓာတ်အား ပမာဏ အမြောက်အမြားကို ကိုင်တွယ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်မှုမှာ မဖြစ်မနေ လိုအပ်ပါတယ်။

ထရမ့်ရဲ့ ပထမ သက်တမ်း တာဝန်ယူစဉ် အတောအတွင်း သံမဏိကို အခွန်စည်းကြပ်နှုန်း ၂၅ ရာခိုင်နှုန်း၊ အလျူမီနီယမ်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့ အခါမှာ ပြည်ပကနေ မှာယူတင်သွင်းမှု လျော့ကျသွားပြီး ပြည်တွင်း ထုတ်လုပ်မှု တိုးလာခဲ့ဖူးပါတယ်။ ဒါဟာ ထရမ့်လိုလားတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပေမယ့်လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုလာတဲ့နောက် ၂၀၂၀ ပြည့်နှစ်ကစလို့ အမေရိကန်ရဲ့ သံမဏိ ထုတ်လုပ်မှုဟာ ဆိုးဆိုးရွားရွား ပြန်လည် ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။