Connect with us

Hi, what are you looking for?

LuduNwayOo

News

စဉ့်ကိုင်မြို့ ပလိပ်ကျေးရွာအုပ်စုက ပြည်သူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဘူတာရွာက အမျိုးသမီး ၂ဦးကို အောက်တိုဘာလ ၃၁ ရက် ဖမ်းဆီးတာဖြစ်ပြီး ရွာဘိုကျေးရွာက အမျိုးသား၃ ဦးကို တော့ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးတာပါ။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းကပလိပ်ကျေးရွာအုပ်စုမှာ နေထိုင်သူ ပြည်သူ ၅ဦးကို PDFနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေစုံစမ်းသိရပါတယ်။

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းက ပလိပ်ကျေးရွာအုပ်စု ဘူတာရွာမှာနေထိုင်တဲ့ အမျိုးသမီး ၂ဦးနဲ့ ရွာဘိုကျေးရွာမှာနေထိုင်တဲ့ အမျိုးသား၃ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဘူတာရွာက အမျိုးသမီး ၂ဦးကို အောက်တိုဘာလ ၃၁ ရက် ဖမ်းဆီးတာဖြစ်ပြီး ရွာဘိုကျေးရွာက အမျိုးသား၃ ဦးကို တော့ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးတာပါ။

“သူတို့က PDFနဲ့ဆက်သွယ်တယ်ဆိုပြီး ဒီတိုင်းဝင်ဖမ်းတာ။ မင်္သကာစရာပစ္စည်းလည်းတစ်ခုမှမိတာမဟုတ်ပဲနဲ့ကို ဖမ်းသွားတာ။ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရဘူး”လို့ စဉ့်ကိုင်မြို့ပေါ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦးဟာ အသက် ၅၀ခန့်အရွယ်တွေဖြစ်ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။