Connect with us

Hi, what are you looking for?

News

စဉ့်ကိုင်မြို့ ပလိပ်ကျေးရွာအုပ်စုက ပြည်သူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဘူတာရွာက အမျိုးသမီး ၂ဦးကို အောက်တိုဘာလ ၃၁ ရက် ဖမ်းဆီးတာဖြစ်ပြီး ရွာဘိုကျေးရွာက အမျိုးသား၃ ဦးကို တော့ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးတာပါ။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းကပလိပ်ကျေးရွာအုပ်စုမှာ နေထိုင်သူ ပြည်သူ ၅ဦးကို PDFနဲ့အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေစုံစမ်းသိရပါတယ်။

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းက ပလိပ်ကျေးရွာအုပ်စု ဘူတာရွာမှာနေထိုင်တဲ့ အမျိုးသမီး ၂ဦးနဲ့ ရွာဘိုကျေးရွာမှာနေထိုင်တဲ့ အမျိုးသား၃ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဘူတာရွာက အမျိုးသမီး ၂ဦးကို အောက်တိုဘာလ ၃၁ ရက် ဖမ်းဆီးတာဖြစ်ပြီး ရွာဘိုကျေးရွာက အမျိုးသား၃ ဦးကို တော့ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးတာပါ။

“သူတို့က PDFနဲ့ဆက်သွယ်တယ်ဆိုပြီး ဒီတိုင်းဝင်ဖမ်းတာ။ မင်္သကာစရာပစ္စည်းလည်းတစ်ခုမှမိတာမဟုတ်ပဲနဲ့ကို ဖမ်းသွားတာ။ ဘယ်ခေါ်သွားတယ်ဆိုတာ မသိရဘူး”လို့ စဉ့်ကိုင်မြို့ပေါ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦးဟာ အသက် ၅၀ခန့်အရွယ်တွေဖြစ်ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။