Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ် ၆၆ သိန်း ကျော်လာ

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်လာပြီး ပြည်တွင်း ရွှေစျေးကွက်မှာလည်း တစ်ကျပ်သား ကျပ်၆၆ သိန်းကျော်လာကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

ရဲခေါင်/People’s Spring

ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်လာပြီး ပြည်တွင်း ရွှေစျေးကွက်မှာလည်း တစ်ကျပ်သား ကျပ်၆၆ သိန်းကျော်လာကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

ဖေဖော်ဝါရီ ၁၀ရက်ကစ၍ ကမ္ဘာ့ရွှေဈေးမှာ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) တွင် တစ်အောင်စ ၂,၉၁၆ ဒေါ်လာဝန်းကျင်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ပြည်တွင်းရွှေစျေး၏ ပြင်ပဝယ်လက်စျေးကွက်မှာလည်း တစ်လကျော်အတွင်း တစ်ကျပ်သား ဝယ်စျေးနှင့် ရောင်းစျေးမှာ ကျပ်ငါးသိန်းအထိ မြင့်တက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေပိုင်း ပြင်ပရွှေစျေးကွက်အရ ၁၆ ပဲရည်ရောင်းဈေး ကျပ် ၆၆ သိန်း သုံးသောင်းဝန်းကျင်နှင့် ဝယ်ဈေး ကျပ် ၆၅သိန်း သုံးသောင်းဝန်းကျင်ရှိကာ ၁၅ ပဲရည် ရောင်းဈေး ကျပ် ၆၂ သိန်းလေး သောင်းဝန်းကျင်နှင့် ဝယ်ဈေး ကျပ်၆၁ သိန်း လေးသောင်းဝန်းကျင် ရှိနေသည်။

“ဘယ်လောက်ထိ ဆက်တက်နေဦးမလဲကတော့ စောင့်ကြည့်ရအုန်းမှာဖြစ်ပါတယ်။ New Year လောက်ကဈေးနဲ့ ယှဥ်ရင် ၅သိန်းဝန်းကျင်လောက် မြင့်တက်လာတယ်ဆိုရမယ်။ ကမ္ဘာ့ရွှေဈေးကလဲ အမြင့်တကာ့အမြင့်ဆုံး စံချိန်တင်ဈေးတွေဖြစ်နေတာ”ဟု ရွှေစျေးကွက် စောင့်ကြည့်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ သီးခြားသတ်မှတ်စျေးအရ ၁၆ ပဲရည်တစ်ကျပ်သား ၅,၄၉၀, ၀၀၀ ကျပ်သာရှိသည်။ထိုစျေးဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း အများစုမှာ အရောင်းမရှိဘဲ အဝယ်သာလက်ခံသည်။

ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ၄,၄၁၀ ကျပ်နှင့် အရောင်း ၄,၅၁၀ ကျပ် ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။