Connect with us

Hi, what are you looking for?

သတင်း

လှတောရွာရဲစခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှတောကျေးရွာဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ကျီးကန်တောင်ကျေးရွာက အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီးတစ်ဦး ထိခိုက်တာလို့ သိရပါတယ်။

လှတောရွာရဲစခန်းကနေ ၆၀မမ လက်နက်ကြီးနဲ့မနေ့ ည ၇ နာရီလောက်မှာ ကျီးကန်ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဲဒီလက်နက်ကြီးဟာ ကျီးကန်တောင်ရွာထဲကိုကျပြီး နေအိမ်မှာရှိနေတဲ့ အသက်၁၇နှစ် အရွယ် အမျိုးသမီး တစ်ဦးထိမှန်သေဆုံးပြီး အသက်၁၇နှစ်အရွယ် နောက်ထပ်အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။

” တယောက်က နောက်စေ့မှန်ပြီးဆုံးတာ။တယောက်က ပေါင်မှန်တာ။အိမ်ဝန်းထဲကျပြီး မှန်တာ”လို့ ကျီးကန်ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီကျေးရွာတွေဘက်မှာ လက်ရှိအချိန်မှာနယ်မြေအခြေအနေအေးချမ်းနေပြီး စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေသာရှိတယ်လို့ သိရပါတယ်။

ကျီးကန်တောင်ရွာဟာ လှတောရွာရဲစခန်းနဲ့ မိုင် ဝက်ကျော်သာဝေးတယ်လို့ သိရပါတယ်။

ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ကျေးရွာဟာစစ်တပ်က ယခင်ကမကြာခဏစစ်ကြောင်းထိုးခဲ့သလို ၂၀၂၃ သြဂုတ်ကလည်း ကျီးကန်မြောက် ကျေးရွာက အမျိုးသမီးကို ဖခင်ရှေ့မှာတင် အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သလို ဖခင်နဲ့ကျေးရွာသား၂ဦးကိုပါ သတ်ဖြတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြာက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers -C.R.B ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ကြို့ပင်ဆိပ် ကျေးရွာ၌ ယနေ့(မေလ ၃၀ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၁)နှစ်အရွယ် မိန်းကလေးငယ်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများဖမ်းဆီးရိုက်နှက်ခြင်း၊ လစဥ် ဆက်ကြေးကောက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။