Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် စစ်ကောင်စီအမြောက်တပ် လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၁)နှစ်အရွယ် မိန်းကလေးငယ်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

မေ ၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၁)နှစ်အရွယ် မိန်းကလေးငယ်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၁ရက် ညပိုင်းက စစ်ကောင်စီ၏ အမြောက်တပ်(၃၁၄)တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ (၄၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး (၄၈)နှစ်အရွယ် အမျိုးသမီးနှင့် (၁၁)နှစ်အရွယ် သမီးငယ်တို့ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာရွာကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်၍ ပြည်သူလူထုနေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် KNU တပ်မဟာ(၁)နယ်မြေအပါအဝင် KNUအုပ်ချုပ်ရာနယ်မြေများရှိ ပြည်သူလူထု နေထိုင်ရာ နေရာများသို့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

မေလ ၁၉ရက်ကလည်း ခမရ(၃၅၁)တပ်ရင်းနှင့် ခလရ(၆၀)တပ်ရင်းက KNU တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ငထွေစုတ်ကျေးရွာနေ (၁၁)နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိမှန်ဒဏ်ရာရကာ နေအိမ်အချို့ ပျက်စီးခဲ့ဟု KNU ဗဟိုက ထုတ်ပြန်သည်။

မေလ ၂၀ရက်ကလည်း နတ်သံကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်က ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရင်းတိုက်ကုန်းကျေးရွာနှင့် နောင်ကုန်းကျေးရွာသို့ လက်နက်ကြီး(၆)လုံး၊ ရေလဲကျေးရွာနှင့် မရမ်းစိန်းလေးကျေးရွာကြားရှိ လယ်ကွင်းအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီး တစ်လုံး၊ ဇလုပ်နှင့် စောဘောကုန်းကြားရှိ လယ်ကွင်းတွင် ဟောင်ဝစ်ဇာလက်နက်ကြီး တစ်လုံး၊ တောင်စုကျေးရွာသို့ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာမှ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

ထို့အပြင် ခလရ(၆၀)တပ်ရင်းမှ မရမ်းစိန်လေးကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ တစ်လုံး၊ အရှေ့တောင်စု၊ အနောက်တောင်စုနှင့် ကျွန်းကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ ခြောက်လုံး ပစ်ခတ်ခဲ့သောကြောင့် မရမ်းစိန်လေးကျေးရွာမှ (၉)နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိမှန်သေဆုံးကာ ၎င်း၏ မိခင်နှင့် (၁၁)နှစ်အရွယ် အမဖြစ်သူတို့ ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် တပ်မဟာ(၃)နယ်မြေအပါအဝင် KNUနယ်မြေများအတွင်း စစ်ရေးအရ ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံနေရချိန် လူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို