Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားသုံးအား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်အချို့ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့က ဝက်လူးကျေးရွာရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်း အချို့နှင့် ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ - Soe Aung

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား PDF ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်အချို့ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၈ရက် နံနက် ၉ နာရီခန့်က တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ဝက်လူးရွာတပ်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားသုံးဦးအားပစ်ခတ်ခဲ့ပြီး နေရာတွင် နှစ်ဦးသေကာ တစ်ဦးအရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။

“မနေ့ကဖြစ်စဉ်ကတော့ ကျွန်တော်သိရသလောက်အပြင်ထွက်တာ အဖွဲ့တွေက သတင်းရလို့ပဲဝင်ပစ်တာလား။ဒါမှမဟုတ် ကင်းရှိလို့ထွက်လာတာ တွေ့လို့ဝိုင်းပြီးတော့ ပစ်တာလည်းဖြစ်နိုင်တာပေါ့။ဒါပေမဲ့ နှစ်ယောက်ကတော့ အဲဒီမှာ သေသွားတယ်။တစ်ယောက်ကကျတော့ သူတို့ဒဏ်ရာနဲ့မိတယ်ပေါ့ဗျာ။မိပြီးတော့မှ ဒီဟာတို့ခေါ်သွားတဲ့နေရာမှာ ဒဏ်ရာကြောင့် ဆေးမကုနိုင်လို့ သေဆုံးသွားတဲ့သဘောလည်းရှိတယ်”ဟု နွားထိုးကြီးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ်၏ အလယ်ပိုင်းတွင်ရှိသော ဝက်လူးကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၅၀ဝန်းကျင်ဖြင့် တပ်စွဲထားကြောင်း ၎င်းက အသိပေးသည်။

ယမန်နေ့က ပစ်ခတ်မှုအတွင်း သေနတ်နှစ်လက်နှင့် ကျည်ဘောက်လေးခုကို နွားထိုးကြီး PDFက ရရှိခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ဇန်နဝါရီ ၃၀ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအနီးတွင် အင်အား ၅၀ဝန်းကျင်ရှိသည့် ဗိုလ်မှူးရန်လင်းအောင်နှင့် ဗိုလ်ကြီးအောင်ဇော်မင်း ဦးဆောင်သည့် တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၄၊ ၁၅)နှင့် ရဲတပ်ရင်း တိုက်ခိုက်ရာ လက်နက် (၃၉)လက် သိမ်းဆည်းရမိမှုရှိခဲ့သည်။

စစ်ကောင်စီတပ်အဖွဲ့ဝင် ဗိုလ်ကြီး အောင်ဇော်မင်းအပါဝင် အလောင်း (၂၁)လောင်းရရှိပြီး ဗိုလ်မှူး ရန်လင်းအောင်မှာ ထိခိုက်‌ဒဏ်ရာဖြင့်ဆုတ်ခွာရင်း သေဆုံးကာ (၈)ဦး ဖမ်းဆီးရမိခဲ့သည်။

စစ်ကြောင်းလိုက်တိုက်ခိုက်ခံရမှုနောက်ပိုင်း စစ်ကောင်စီသည့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ် ဆောင်လာသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က ဆိုသည်။

ယမန်နေ့က နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ရွာအပြင်ကို စစ်ကောင်စီက Mi-35ဖြင့် ဗုံးသီးချ၊စက်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

Facebook