Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အလောင်းတရားစစ်ဆင်ရေးမှာ မြေပြင်တွင်ပျူစောထီးပိုများအောင်လုပ်နေဟုဒေသခံPDFများသုံးသပ်

“အရင်လို ရွာတွေမီးရှို့ တွေ့သမျှ ယောကျာ်သား မသက်ာရင် သတ်တယ်ဆိုတဲ့ ပုံစံကနေ ပြည်သူအချင်းချင်းကို ပြန်ပြီးတော့ရန်တိုက်တဲ့ ပျူစောထီးလို လူတွေ ပိုများလာအောင် သူတို့စီစဥ်နေတယ်ဗျ။ဗျူဟာပြောင်းတယ်ပဲ သတ်မှတ်တယ်”ဟု ဗိုလ်သံလုံးက ရှင်းပြသည်။

အလောင်းမင်းတရားစစ်ဆင်ရေးစတင်ပြီဆိုကာ သလ္လာရွှေမြေ ကအောက်တိုဘာလတောက်တုံးပါတ်တွင်ဝါဒဖြန့်ခဲ့သောဓါတ်ပုံ

-“အလာင်းမင်းတရားကြီးနာမည် နဲ့တော့ ပျူတွေ ပိုမွေးနေတာသိက္ခာကျလွန်းပါတယ်။ ကျွန်တော် နဂိုကတည်းက ပြောခဲ့သလို (စစ်ကောင်စီတပ်တွင်)ဘာဗျူဟာမှရှိတာမဟုတ်ဘူး။ လူများများနဲ့ လက်နက်အကြီးအကျယ်ရှိ မှ ထိုးစစ်ဆင်တက်တဲ့ကောင်တွေ။ နဂိုကတည်းက စာရိတ္တ မကောင်းတော့ အကျင့်ကတော့ယုတ်မှာပဲ”

ဗိုလ်နဂါး – ပုလဲ PDF

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အလောင်းမင်းတရားစစ်ဆင်ရေးပြုလုပ်နေသည်ဟုဝါဒဖြန့်ထားသော်လည်း၎င်းတို့လက်အောက်ခံ ပျူစောထီးများလာအောင် ဗျူဟာပြောင်း စစ်ဆင်ရေး များ လုပ်ကိုင်နေကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)များမှ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီက ယခင်လများတွင် စစ်ကိုင်းတိုင်းသို့ ထိုးစစ်ဆင်ရာ၌ ရပ်ရွာများမီးရှို့ခြင်း နှင့် ယောကျာ်းသားများကို PDF ဟုသတ်မှတ်ကာ ပစ်သတ်ခြင်းများပြုလုပ်ခဲ့သည်။
သို့သော် အောက်တိုဘာ နောက်ဆုံးပတ် မှစ၍ ကျေးရွာများအတွင်း ဝင်ရောက်ခြိမ်းခြောက်ကာ ပျူစောထီး တပ်ဖွဲ့ဝင်အဖြစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ရန် ယောကျာ်းသားများကိုဖိအားပေးစည်းရုံးနေကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်သံလုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

“အရင်လို ရွာတွေမီးရှို့ တွေ့သမျှ ယောကျာ်သား မသက်ာရင် သတ်တယ်ဆိုတဲ့ ပုံစံကနေ ပြည်သူအချင်းချင်းကို ပြန်ပြီးတော့ရန်တိုက်တဲ့ ပျူစောထီးလို လူတွေ ပိုများလာအောင် သူတို့စီစဥ်နေတယ်ဗျ။ဗျူဟာပြောင်းတယ်ပဲ သတ်မှတ်တယ်”ဟု ဗိုလ်သံလုံးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာ ပြောင်းခြင်းထက် ပြည်သူလူထုများဘက်မှ အာဏာရှင်တော်လှန်ရေးစိတ်
အပြည့်ရှိရန်သာလိုအပ်ကြောင်း ပုလဲ မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နဂါးက တိုက်တွန်းသည်။

“အလာင်းမင်းတရားကြီးနာမည် နဲ့တော့ ပျူတွေ ပိုမွေးနေတာ သိက္ခာ ကျလွန်းပါတယ်။ ကျွန်တော် နဂိုကတည်းက ပြောခဲ့သလို (စစ်ကောင်စီတပ်တွင်)ဘာဗျူဟာမှရှိတာမဟုတ်ဘူး။ လူများများနဲ့ လက်နက်အကြီးအကျယ်ရှိ မှ ထိုးစစ်ဆင်တက်တဲ့ကောင်တွေ။ နဂိုကတည်းက စာရိတ္တ မကောင်းတော့ အကျင့်ကတော့ယုတ်မှာပဲ။ ပျူစောထီးတွေ များများမွေးမယ်။ပြီးတော့ အိမ်ကြက် ချင်းခွပ်ခိုင်းမယ်။ တ ခြား အကျင့် ကမ်းကုန်အောင်ယုတ်မယ့်နည်းတွေလည်း လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်”ဟု ဗိုလ်နဂါးက သုံးသပ်ပြောသည်။

တစ်ဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာများ အများစုကို စိုးမိုးထားနိုင်သည့် အခြေအနေတစ်ခုကို ရောက်ရှိလာ၍ စစ်ကိုင်းတိုင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များနှင့် PDF များ လက်တွဲပြီး ကျေးရွာအုပ်ချုပ်ရေးစနစ် ထူထောင်ရန် စီစဥ်နေသည်။

“စထားပြီးသား ကိစ္စ ကို သေသေချာချာ ခိုင်မာအောင်လုပ်နေတယ်ပဲ ပြောရမယ်။တရားစီရင် စနစ်တွေ ၊ ကျေးရွာ စီမံ မယ့် ကိစ္စ တွေ အစရှိသဖြင့်ပေါ့ အုပ်ချုပ်မှုအပိုင်းကို အသားကျလာအောင် တည်နေပါပြီ”ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က စစ်ကိုင်းရှိ ကျေးရွာများ၏ အုပ်ချုပ်ရေးထက် ပြည်သူများ၏ လုံခြုံရေးကိုသာ အဓိ ကထား ဆောင်ရွက်ခဲ့ရကြောင်းလည်း ဗိုလ်သံလုံးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေသခံ PDF များအားကောင်းရာ စစ်ကိုင်းတိုင်းကို ထိုးစစ်ဆင်ရန်အတွက်မိုးအကုန် အောက်တိုဘာ နောက်ဆုံးပတ်တွင်
“အလောင်းမင်းတရား”ဆိုသည့်စစ်ဆင်ရေးကို စတင်ခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် ဖေစ်ဘွခ်စာမျက်နှာတစ်ခုဖြစ်သော သလ္လာရွှေမြေက ဖော်ပြခဲ့သည်။စစ်ကောင်စီ၏ စစ်ဆင်ရေးကို အကောင်းဆုံး ခုခံစစ် သဖွယ် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက People’s Spring သို့ဖြေကြားထားကြသည်။

ယခုရက်ပိုင်း မြေပြင်တိုက်ပွဲ အခြေအနေတွင်လည်း
စစ်ကိုင်းတိုင်၌ အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်မှု ပြင်းထန်ပြီး စစ်ကောင်စီတပ်အထိ့နာနေသည်။ဒေသခံပြည်သူ့တပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်စွမ်းဆောင်ရည်ကြောင့် စစ်ကောင်စီတပ်များ စစ်ကိုင်းတိုင်းအတွင်း မိုင်းခွဲတိုက်ခိုက်ခံရခြင်း နှင့် ကြားဖြတ်တိုက်ခိုက်ခံရခြင်းတို့ကြောင့် သေဆုံးသူ၊ထိ့ခိုက်ဒဏ်ရာရသူနေစဥ်များပြားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်