Connect with us

Hi, what are you looking for?

News

CDMလုပ်ထားတဲ့ အထက်တန်းပြကျောင်းဆရာ ဖမ်းဆီးခံရပြီး တစ်ရက်အကြာ စစ်ကောင်စီရဲ့စစ်ကြောရေးမှာကျဆုံး

အဲဒီနောက် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဆရာဦးဝင်းလွင်နဲ့ ကျုရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက်ဖမ်းထားခဲ့ပါတယ်။

မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်က CDM ပြုလုပ်ထားတဲ့ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားပြီးနောက်ရက်မှာ အလောင်းလာထုတ်ဖို့ မိသားစုကိုအကြောင်းကြားလာတယ်လို့ သိရပါတယ်။

စဉ့်ကိုင် ၊ရွာဘိုကျေးရွာမှာ နေထိုင်တဲ့ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်အပါအဝင် ရွာသား ၅ ဦးကို မနေ့က နိုဝင်ဘာလ ၁ ရက် မနက် ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဆရာဦးဝင်းလွင်နဲ့ ကျုရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက်ဖမ်းထားခဲ့ပါတယ်။

ဒီနေ့ မနက် ၇ နာရီမှာ ဆရာဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကိုလာယူဖို့ မိသားစုထံအကြောင်းကြားကြောင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာဦးဝင်းလွင်ကို ဖမ်းခေါ်သွားချိန်က ကျန်းမာရေးအရလည်းကောင်းမွန်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။