Connect with us

Hi, what are you looking for?

LuduNwayOo

News

CDMလုပ်ထားတဲ့ အထက်တန်းပြကျောင်းဆရာ ဖမ်းဆီးခံရပြီး တစ်ရက်အကြာ စစ်ကောင်စီရဲ့စစ်ကြောရေးမှာကျဆုံး

အဲဒီနောက် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဆရာဦးဝင်းလွင်နဲ့ ကျုရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက်ဖမ်းထားခဲ့ပါတယ်။

မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်က CDM ပြုလုပ်ထားတဲ့ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားပြီးနောက်ရက်မှာ အလောင်းလာထုတ်ဖို့ မိသားစုကိုအကြောင်းကြားလာတယ်လို့ သိရပါတယ်။

စဉ့်ကိုင် ၊ရွာဘိုကျေးရွာမှာ နေထိုင်တဲ့ အထက်တန်းပြကျောင်းဆရာ ဦးဝင်းလွင်အပါအဝင် ရွာသား ၅ ဦးကို မနေ့က နိုဝင်ဘာလ ၁ ရက် မနက် ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ဖမ်းဆီးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဆရာဦးဝင်းလွင်နဲ့ ကျုရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက်ဖမ်းထားခဲ့ပါတယ်။

ဒီနေ့ မနက် ၇ နာရီမှာ ဆရာဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကိုလာယူဖို့ မိသားစုထံအကြောင်းကြားကြောင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာဦးဝင်းလွင်ကို ဖမ်းခေါ်သွားချိန်က ကျန်းမာရေးအရလည်းကောင်းမွန်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။